back

ကမ္ဘောဒီးယားသို့ လမ်းကြောင်းပြောင်းမည် စိုးရိမ်၍ ထိုင်းနိုင်ငံက လာအိုသို့ လောင်စာတင်ပို့မှု ဖြတ်တောက်

Dec 16 • 1:36 AM

breaking-news

ကမ္ဘောဒီးယား

ပြည်တွင်းသတင်း

cover

ကမ္ဘောဒီးယားသို့ လမ်းကြောင်းပြောင်းမည် စိုးရိမ်၍ ထိုင်းနိုင်ငံက လာအိုသို့ လောင်စာတင်ပို့မှု ဖြတ်တောက်

ထိုင်းစစ်ဘက်က နယ်စပ်ပဋိပက္ခ ဖြစ်ပွားနေသော ကမ္ဘောဒီးယားနိုင်ငံသို့ လောင်စာများ လမ်းကြောင်းပြောင်းရောက်ရှိမည်ကို စိုးရိမ်သောကြောင့် လာအိုနိုင်ငံနှင့် နယ်စပ်ဂိတ်မှ...

ထိုင်းစစ်ဘက်က နယ်စပ်ပဋိပက္ခ ဖြစ်ပွားနေသော ကမ္ဘောဒီးယားနိုင်ငံသို့ လောင်စာများ လမ်းကြောင်းပြောင်းရောက်ရှိမည်ကို စိုးရိမ်သောကြောင့် လာအိုနိုင်ငံနှင့် နယ်စပ်ဂိတ်မှတစ်ဆင့် ပေးပို့နေသည့် လောင်စာများ ထောက်ပံ့မှုကို ရပ်တန့်လိုက်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူ ရေတပ်ဗိုလ်ချုပ်ကြီး ဆူရာဆန့် ကွန်ဆီရီက ပြောကြားသည်။ လက်ရှိတွင် ထိုင်းနှင့်ကမ္ဘောဒီးယား နှစ်နိုင်ငံသည် မိုင် ၅၀၀ ကျော် ရှည်လျားသော နယ်စပ်တစ်လျှောက် နေရာအများအပြားတွင် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပြီး၊ ၎င်းတိုက်ခိုက်မှုများကြောင့် ပြီးခဲ့သည့် ၈ ရက်အတွင်း အနည်းဆုံး ၃၈ ဦး သေဆုံးခဲ့ကာ အရပ်သား တစ်သန်းခန့် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရသည်။ နယ်စပ်ပဋိပက္ခကြောင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အထူးအစည်းအဝေးကိုလည်း ထိုင်းနိုင်ငံ၏ တောင်းဆိုမှုဖြင့် မူလအစီအစဉ်မှ ဒီဇင်ဘာ ၂၂ ရက်သို့ ရွှေ့ဆိုင်းထားရကြောင်း သိရသည်။ 

news-view-count-icon

7