back

ရီယာ့ဒ်မြို့၌ ကျင်းပသည့် ASEAN မိသားစုနေ့ပွဲတော်တွင် မြန်မာသံရုံး ပါဝင်ဆင်နွှဲ

Dec 16 • 1:33 AM

breaking-news

မြန်မာ

ပြည်ပ

breaking-news
cover

ရီယာ့ဒ်မြို့၌ ကျင်းပသည့် ASEAN မိသားစုနေ့ပွဲတော်တွင် မြန်မာသံရုံး ပါဝင်ဆင်နွှဲ

ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာ့ဒ်မြို့အခြေစိုက် အာဆီယံသံရုံးများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံ-ရီယာ့ဒ် ကော်မတီ (ARC) ၏ အာဆီယံမိသားစုနေ့ပွဲတော်ကို ဒီဇင်ဘာ ၁၃ ရက်နေ့က ရီ...

ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာ့ဒ်မြို့အခြေစိုက် အာဆီယံသံရုံးများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံ-ရီယာ့ဒ် ကော်မတီ (ARC) ၏ အာဆီယံမိသားစုနေ့ပွဲတော်ကို ဒီဇင်ဘာ ၁၃ ရက်နေ့က ရီယာ့ဒ်မြို့၊ ဖိလစ်ပိုင်နိုင်ငံသံရုံး၌ ကျင်းပခဲ့ရာ မြန်မာသံရုံး (ရီယာ့ဒ်မြို့) က တက်ကြွစွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။ ယခုနှစ်ပွဲတော်ကို ဘရူနိုင်းသံရုံးက ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပြီး၊ အာဆီယံသံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများနှင့် သံတမန်မိသားစုများ ပါဝင်ခဲ့ကြသည်။ မြန်မာသံရုံးမိသားစုဝင်များသည် ပွဲတော်ပါ ပြိုင်ပွဲများနှင့် လှုပ်ရှားမှုများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့်အပြင် ကြက်ဆီထမင်းနှင့် သာကူကျိုတို့ဖြင့် တည်ခင်းဧည့်ခံကာ ရိုးရာယဉ်ကျေးမှု အဆို၊ အကများဖြင့်လည်း ပါဝင်ဖျော်ဖြေခဲ့သည်။

news-view-count-icon

18