back

ပွဲကစားချိန်နည်းပါးနေသည့် မန်ယူကွင်းလယ်လူ မိုင်နူးအား ခေါ်ယူရန် ဥရောပကလပ် ၁၂ သင်း စိတ်ဝင်စား

Dec 16 • 1:17 AM

breaking-news

မြန်မာ

ပြည်ပ

cover

ပွဲကစားချိန်နည်းပါးနေသည့် မန်ယူကွင်းလယ်လူ မိုင်နူးအား ခေါ်ယူရန် ဥရောပကလပ် ၁၂ သင်း စိတ်ဝင်စား

မန်ချက်စတာယူနိုက်တက် (မန်ယူ) အသင်း၏ အသက် ၂၀ အရွယ် အကယ်ဒမီထွက် ကွင်းလယ်ကစားသမား မိုင်နူး (Kobbie Mainoo) ကို ခေါ်ယူရန် ဥရောပကလပ်အသင်း အနည်းဆုံး ၁၂ သင်း (ဘိုင်ယန်...

မန်ချက်စတာယူနိုက်တက် (မန်ယူ) အသင်း၏ အသက် ၂၀ အရွယ် အကယ်ဒမီထွက် ကွင်းလယ်ကစားသမား မိုင်နူး (Kobbie Mainoo) ကို ခေါ်ယူရန် ဥရောပကလပ်အသင်း အနည်းဆုံး ၁၂ သင်း (ဘိုင်ယန်မြူးနစ်၊ ချယ်လ်ဆီး အပါအဝင်) က စောင့်ကြည့်နေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြသည်။ နည်းပြ အာမိုရင်မ်က မိုင်နူးသည် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်နှင့် နေရာတူညီနေသဖြင့် အရန်ကစားသမားအဖြစ်သာ အသုံးပြုနေရကြောင်း ပြောကြားခဲ့သည်။ ထို့ကြောင့် မိုင်နူးသည် ပွဲကစားချိန်ပိုရမည့်အသင်းသို့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင် အငှားဖြင့် ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေပြီး၊ နည်းပြ အာမိုရင်မ်ကလည်း မိုင်နူးကိုယ်တိုင် တောင်းဆိုလာပါက လက်ခံဆွေးနွေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

news-view-count-icon

36