၂၀၂၅ SEA Games ပြိုင်ပွဲ၏ ဝူရှူး အမျိုးသမီး အတိုက်ပြိုင်ပွဲ ကို ယနေ့ ကျင်းပခဲ့ရာ မြန်မာ့လက်ရွေးစင် ကစားသမားနှစ်ဦးဖြစ်သည့် ၅၆ ကီလိုတန်းမှ ချယ်ရီသန်းနှင့် ၆၀ ကီလိုတန်းမှ နှင်းနုဝါတို့သည် ဗိုလ်လုပွဲတွင် အသီးသီး ရှုံးနိမ့်ခဲ့သော်လည်း ငွေတံဆိပ်ဆု ရရှိခဲ့ကြောင်း သိရသည်။ ချယ်ရီသန်းသည် ဗိုလ်လုပွဲ၌ အင်ဒိုနီးရှားကစားသမားကို ရှုံးနိမ့်ခဲ့ပြီး၊ နှင်းနုဝါသည် ဗီယက်နမ်ကစားသမားကို ရှုံးနိမ့်ခဲ့သောကြောင့် ငွေတံဆိပ်နှင့်သာ ကျေနပ်ခဲ့ရသည်။
၂၀၂၅ SEA Games ဝူရှူးအတိုက်ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးကစားသမား ချယ်ရီသန်းနှင့် နှင်းနုဝါတို့ ငွေတံဆိပ်ဆုရရှိ
Dec 16 • 1:15 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 10 | 0 | 0 | 0 |


