ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ အိမ်ထောင်စု အရေအတွက် စုစုပေါင်း (၂၆၇) ခုကို ရက် (၉၀) ဆန် ၅၉ အိတ်၊ ရွှေဘိုပေါ်ဆန်း ၁၉၀ အိတ်၊ ဧည့်မထဆန်၂၄ အိတ်၊ ဧရာဝတီပေါ်ဆန်း ကြားပျံ (ဆန်သစ်) ၂၉ အိတ်၊ (ဆန်အဟောင်း) ၂၃ အိတ်၊ ဧရာဝတီပေါ်ဆန်းနယ်စုံ (ဆန်သစ်) ၆ အိတ်၊ ဧရာဝတီပေါ်ဆန်းနယ်စုံ (ဆန်ဟောင်း) ၉ အိတ်၊ စုစုပေါင်း ၃၄၀ ကိုရောင်းချပေးခဲ့ကြောင်း သိရသည်။ထို့ပြင် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ စက်မှုဇုံများနှင့် လူမှုရေးအသင်းအဖွဲ့များထံသို့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် ပေါ်ဆန်း (10) Kg အိတ်ရေ (၅၂၀၄) အိတ်၊ ဧည့်မထ (10) Kg အိတ်ရေ (၅၁၅၀) အိတ်ကိုပေးပို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။



