၂၀၂၅ ခုနှစ်အတွက် FIFA The Best ဆုပေးပွဲအခမ်းအနားကို ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ မနက်ဖြန် ကျင်းပမယ်လို့ ဖီဖာက အတည်ပြုကြေညာလိုက်ပါတယ်။FIFA The Best ဆုပေးပွဲမှာ ချီးမြှင့်မယ့်ဆုတွေကတော့ အကောင်းဆုံးအမျိုးသားကစားသမားဆု၊ အကောင်းဆုံးအမျိုးသားနည်းပြဆု၊ အကောင်းဆုံးအမျိုးသားဂိုးသမားဆု၊ အကောင်းဆုံးအမျိုးသမီးကစားသမားဆု၊ အကောင်းဆုံးအမျိုးသမီးနည်းပြဆု၊ အကောင်းဆုံးအမျိုးသမီးဂိုးသမားဆု၊ အကောင်းဆုံးအမျိုးသားသွင်းဂိုးဆု(Puskas Award)၊ အကောင်းဆုံးအမျိုးသမီးသွင်းဂိုးဆု(Marta Award)၊ ပရိသတ်ဆု၊ Fair Play ဆုတွေနဲ့ အကောင်းဆုံးအမျိုးသားအသင်း၊ အကောင်းဆုံးအမျိုးသမီးအသင်းတွေ ဖြစ်ပါတယ်။၂၀၂၅ FIFA The Best ဆုပေးပွဲအခမ်းအနားကို ဒီဇင်ဘာ(၁၆)ရက် မြန်မာစံတော်ချိန် ည ၁၁း၃၀ နာရီမှာ စတင်မှာဖြစ်ပြီး ဖီဖာဝက်ဘ်ဆိုက်ကနေ တိုက်ရိုက်ထုတ်လွှင့်ပေးသွားမှာဖြစ်ကြောင်းလည်း ဖီဖာက အတည်ပြုကြေညာထားပါတယ်။
၂၀၂၅ ခုနှစ် FIFA The Best ဆုပေးပွဲအခမ်းအနားကို မနက်ဖြန် ကျင်းပမည်ဖြစ်
Dec 15 • 3:46 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 30 | 0 | 0 | 0 |


