back

ထိုင်းနှင့်နယ်စပ်ဝင်‌ပေါက်များကို ကမ္ဘောဒီးယားပိတ်ထား

Dec 15 • 3:00 AM

breaking-news

ကမ္ဘောဒီးယား

ပြည်တွင်းသတင်း

cover

ထိုင်းနှင့်နယ်စပ်ဝင်‌ပေါက်များကို ကမ္ဘောဒီးယားပိတ်ထား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ လူသေဆုံးမှုများဖြစ်ပေါ်ခဲ့သော နှစ်ဖက်တိုက်ခိုက်မှုများကို အဆုံးသတ်ရန် အပစ်အခတ်ရပ်စဲရန် သဘောတူခဲ့သည်ဟူသော ပြောကြားမှုကို ထိုင်းနိုင်င...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ လူသေဆုံးမှုများဖြစ်ပေါ်ခဲ့သော နှစ်ဖက်တိုက်ခိုက်မှုများကို အဆုံးသတ်ရန် အပစ်အခတ်ရပ်စဲရန် သဘောတူခဲ့သည်ဟူသော ပြောကြားမှုကို ထိုင်းနိုင်ငံက ငြင်းဆိုခဲ့ပြီးနောက်၊ ကမ္ဘောဒီးယားက ထိုင်းနှင့်နယ်စပ်ဝင်ပေါက်များအားလုံးကို ပိတ်ထားလိုက်ပြီး ၎င်းတို့နိုင်ငံထဲ ရောက်ရှိနေသော ထိုင်းနိုင်ငံသားများကိုလည်း ပြန်ခွင့်မပေးဘဲ တားဆီးထားကြောင်း သိရသည်။ ထိုင်းဝန်ကြီးချုပ် အနုတင်ချန်ဗီရာကူးလ်က အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ခြင်းမရှိကြောင်း ထပ်မံပြောကြားကာ နယ်စပ်တွင် စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်မည်ဟု ပြောကြားခဲ့သည်။ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ခိုက်မှုများကြောင့် နှစ်ဖက်စလုံးမှ လူပေါင်း ခုနစ်သိန်းခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး ယခုသီတင်းပတ်အတွင်း သေဆုံးသူ အနည်းဆုံး ၂၅ ဦးရှိကာ၊ ထိုင်းစစ်သား လေးဦးလည်း ကျဆုံးခဲ့ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကမူ ကမ္ဘောဒီးယား၏ ထိုင်းနိုင်ငံသားများ ပြန်ခွင့်ပိတ်ပင်မှုသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း စွပ်စွဲထားသည်။

news-view-count-icon

8