back

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့သို့ရောက်ရှိနေသည့်ယာယီနေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သူများအတွက် အသုံးအဆောင်ပစ္စည်းများပေးအပ်

Dec 14 • 2:32 PM

breaking-news

မြန်မာ

တနင်္သာရီ

cover

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့သို့ရောက်ရှိနေသည့်ယာယီနေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သူများအတွက် အသုံးအဆောင်ပစ္စည်းများပေးအပ်

မြန်မာနိုင်ငံကြက်ခြေနီအသင်း မိသားစုပြန်လည်ဆက်သွယ်ပေးရေးဌာန မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသစီမံချက်မှ ကြက်ခြေနီဝန်ထမ်းများနှင့် ဒေသခံကြက်ခြေနီစေတနာလုပ်အားရှင်မ...

မြန်မာနိုင်ငံကြက်ခြေနီအသင်း မိသားစုပြန်လည်ဆက်သွယ်ပေးရေးဌာန မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသစီမံချက်မှ ကြက်ခြေနီဝန်ထမ်းများနှင့် ဒေသခံကြက်ခြေနီစေတနာလုပ်အားရှင်များသည် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့သို့ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သည့် အိမ်ထောင်စုများအတွက် အစားအစာမဟုတ်သော ပစ္စည်းများကို တိုင်း‌ဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်မှုဖြင့် ဒီဇင်ဘာလ(၁)ရက်နေ့မှ (၆)ရက်နေ့အတွင်း ထောက်ပံ့ပေးခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။ ထိုသို့ ထောက်ပံ့ရာတွင် ယာယီနေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သည့် အိမ်ထောင်စု(၁)စုလျင် တာပေါ် လင်(၁)ချပ်၊ ဖျာ(၂)ချပ်၊ခြင်ထောင်(၂)လုံး၊ လက်ဆေးဆပ်ပြာရည်(၂)ဘူး၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံး ပစ္စည်း(၁)ပုံး၊ မီးဖိုချောင်သုံးပစ္စည်း(၁)ပုံး၊ ရေပုံး(၁)ပုံး၊ ဆိုလာမီးအိမ်(၁)ခု စုစုပေါင်းပစ္စည်း(၉)မျိုးကို အဆိုပါအိမ်ထောင်စုများ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ခြင်းဖြစ်‌ ကြောင်း သိရသည်။

news-view-count-icon

9