back

မလေးရှားဝန်ကြီးချုပ် ပြောဆိုခဲ့တဲ့ ထိုင်း-ကမ္ဘောဒီးယား အပစ်ရပ်မည့်သတင်း ထိုင်းတပ်မတော် ပယ်ချ

Dec 14 • 12:56 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

မလေးရှားဝန်ကြီးချုပ် ပြောဆိုခဲ့တဲ့ ထိုင်း-ကမ္ဘောဒီးယား အပစ်ရပ်မည့်သတင်း ထိုင်းတပ်မတော် ပယ်ချ

မလေးရှား ဝန်ကြီးချုပ်က ထိုင်းနှင့် ကမ္ဘောဒီးယားတို့သည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၃ ရက် ည ၁၀ နာရီမှ စတင်၍ ပစ်ခတ်ရပ်ဆိုင်းလုပ်ငန်းစဉ်ကို စတင်မည်ဟု သူရဲ့လူမှုကွန်ရက်မှာ...

မလေးရှား ဝန်ကြီးချုပ်က ထိုင်းနှင့် ကမ္ဘောဒီးယားတို့သည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၃ ရက် ည ၁၀ နာရီမှ စတင်၍ ပစ်ခတ်ရပ်ဆိုင်းလုပ်ငန်းစဉ်ကို စတင်မည်ဟု သူရဲ့လူမှုကွန်ရက်မှာ ရေးသားခဲ့တာနဲ့ ပတ်သက်ပြီး ထိုင်းတပ်မ တော်ဘက်က အခုလိုပြော ထုတ်ပြန်ပြောဆိုလာတာဖြစ်ပါတယ်။လက်ရှိအခြေအနေအရ ကမ္ဘောဒီးယားဘက်မှ BM-21 ရော့ကက်တွေ၊ လက်နက်ကြီးပစ်စက်တွေ နဲ့ ဒရုန်းတွေကဲ့သို့ သော လက်နက်တွေ အသုံးပြုပြီး နယ်စပ်တစ်လျှောက် ထိုင်းတပ်ဖွဲ့တွေ ဆက်လက်တို က်ခိုက်နေဆဲဖြစ်ကြောင်း နဲ့ ယင်းသည်ပင်လျှင် အမျိုးသားလုံခြုံရေးအတွက် အလွန်ပြင်းထန်တဲ့ ခြိမ်း ခြောက်မှုဖြစ်တယ်လို့ Major General ဝင်သိုင်းစုဝါရီ ပြောညဆိုထားပါတယ်။ထိုင်းတပ်မတော်အနေနဲ့ ကမ္ဘောဒီးယားဘက်မှ ဆန့်ကျင်ရေးလုပ်ရပ်တွေနဲ့ ထိုင်းဘက်အပေါ် တိုက်ခိုက်မှုတွေ ရပ်တန့်သည်အထိ စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပြီး၊ ပြည်သူတွေအနေနဲ့ နိုင်ငံ၏အချုပ်အခြာအာဏာကို ကာကွယ်ထိန်းသိမ်းရန် နဲ့ ပြည်သူ့လုံခြုံရေးကို အပြည့်အဝ ကာကွယ်နိုင်မည့် တပ်မတော်ရဲ့ စွမ်းဆောင်ရည်အပေါ် ယုံကြည်စိတ်ချနိုင်ကြောင်း အသိပေးခဲ့တယ်လို့လည်း သိရပါတယ်။



news-view-count-icon

7