ဂျပန် နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi သည် ဇန်န၀ါရီလတွင် အစ္စရေးနှင့် ပါလက်စတိုင်းသို့ သွားရောက်ရန် စီစဉ်နေပြီး ဂါဇာကမ်းမြောင်ဒေသအတွက် ငြိမ်းချမ်းရေးတည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ပံ့ပိုးကူညီမှုများ ဆွေးနွေးမည်ဟု အစိုးရသတင်းရင်းမြစ်များက ပြောသည်။
အစ္စရေးနှင့် ဟားမတ်စ်စစ်သွေးကြွအဖွဲ့တို့ကြား အောက်တိုဘာလတွင် အမေရိကန်က ကြားဝင်အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ပြီးနောက် ပါလက်စတိုင်းနယ်မြေအတွင်း အခြေအနေမှာ မတည်မငြိမ်ဖြစ်နေဆဲဖြစ်သည်။
Motegi သည် အစ္စရေးနှင့် ပါလက်စတိုင်းအာဏာပိုင်များ၏ အဓိကကျသော ပုဂ္ဂိုလ်များနှင့် တွေ့ဆုံရန် စီစဉ်ထားပြီး နှစ်နိုင်ငံဖြေရှင်းချက်တစ်ရပ်ကို အကောင်အထည်ဖော်ဆောင်ရန် ကြိုးပမ်းမှုများ ပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။



