ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားများအနေဖြင့်လုပ်ငန်းခွင်မတော်တဆမှုအတွက် လျော်ကြေးတောင်းခံရာတွင် စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တောင်းခံမှုများရှိနေကြောင်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။မြန်မာလုပ်သားများ ထိုင်းနိုင်ငံသို့ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ထိုင်းနိုင်ငံအတွင်း၎င်းတို့၏မိသားစုများမှ ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် ၎င်းတို့တင်ပြလာသည့်စာရွက်စာတမ်းများကို စိစစ်ပြီး မြန်မာသံရုံးမှ လျော်ကြေးတောင်းခံခြင်း ထောက်ခံစာ ထုတ်ပေးလျှက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ထိုင်းနိုင်ငံ၌ ပြီးခဲ့သည့် နိုဝင်ဘာလကဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှု၌ဆုံးပါးခဲ့သည့် မြန်မာနိုင်ငံသားေမာင်ေအာင်မြင့်ဦးအတွက် လျော်ကြေးတောင်းခံရာတွင် တင်ပြသည့်စာရွက်စာတမ်းများကို သံရုံးအချက်အလက်များဖြင့် တိုက်ဆိုင်စစ်ဆေးရာ ကွဲလွဲမှုများရှိနေခြင်းကြောင့် သံရုံးငို့လာရောက်ဖြေရှင်းရန် အကြောင်းကြားသော်လည်း လာရောက်ဖြေရှင်းခြင်းမရှိကြောင်း သိရသည်။ထို့ကြောင့် လျော်ကြေးတောင်းခံထားသူ မနှင်းချိုအနေဖြင့် စာရွက်စာတမ်းမူရင်းများနှင့်တကွ ဘန်ကောက်မြို့ရှိမြန်မာသံရုံးသို့အသိပေးကြေညာချက်ထုတ်ပြန်သည့်နေ့မှ ၁၉.၁၂.၂၀၂၅ရက်အတွင်းလာရောက်ဖြေရှင်းရန် ထပ်မံအသိပေးကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ဘန်ကောက်မြို့ရှိမြန်မာသံရုံးအနေဖြင့် စာရွက်စာတမ်းအတုအပပြုလုပ်သူ၊ ကိုင်ဆောင်သူများကို စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာအာဏာပိုင်များနှင့် ပူးပေါင်း၍လိုအပ်သည့်အရေးယူဆောင်ရွက်မှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။



