back

အိန္ဒိယ၏နာမည်ကြီးလေးဌာနပုံစံတူဘုရားကျောင်းများသို့ ဒုတိယနေ့တွင်လည်းဖူးမြော်သူများပြား

Dec 14 • 6:27 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

အိန္ဒိယ၏နာမည်ကြီးလေးဌာနပုံစံတူဘုရားကျောင်းများသို့ ဒုတိယနေ့တွင်လည်းဖူးမြော်သူများပြား

အိန္ဒိယနိုင်ငံမှနေရပ်ပြောင်းရွေ့နေထိုင်လာကြသူတွေက ပထမဆုံးအကြိမ်အဖြစ် သန့်ရှင်းမြတ်နိုးရတဲ့နေရာလေးခုကိုကိုယ်စားပြုတဲ့ ချာဒါမ်ဘုရားကျောင်းကြီး ပုံစံတူ ၄ ခု ကိုရန်...

အိန္ဒိယနိုင်ငံမှနေရပ်ပြောင်းရွေ့နေထိုင်လာကြသူတွေက ပထမဆုံးအကြိမ်အဖြစ် သန့်ရှင်းမြတ်နိုးရတဲ့နေရာလေးခုကိုကိုယ်စားပြုတဲ့ ချာဒါမ်ဘုရားကျောင်းကြီး ပုံစံတူ ၄ ခု ကိုရန်ကုန်မြို့၊ရွှေဘုံသာလမ်းမှာရှိတဲ့အိန္ဒိယစင်တာမှာတည်ဆောက်ပေးထားပြီး ပွဲတော်နေ့တွေမှာလာရောက်ဖူးမြော်သူတွေ များပြားခဲ့တယ်လို့ ဘုရားကျောင်းမှာ စေတနာ့ဝန်ထမ်းအဖြစ် လာရောက်ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။အိန္ဒိယစင်တာမှာ ဂျာဂနာသ်ပူရီဒဝါရကာ၊ ရာမေရှန်ဝရန် ၊ ဘဒရီနတ်နဲ့ ဗောဓိဂယာတို့ကို ကိုယ်စားပြုတဲ့ဘုရားကျောင်းပုံစံတူတွေကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။

ပွဲတော်ကိုဒီဇင်ဘာ(၁၃)ရက်နေ့နဲ့(၁၄)ရက်နေ့နှစ်ရက်ပြုလုပ်တာဖြစ်ပြီး ပွဲတော်စတင်တဲ့ ဒီဇင်ဘာ၁၃ ရက် ပထမနေ့မှာ လာရောက်ဖူးမြော်သူ ၂၀၀ ကျော် ၃၀၀ နီးပါးရှိခဲ့ကာ ဒုတိယနေ့မှာလည်း ဖူးမြော်သူတွေများပြားခဲ့ပါတယ်။အဲဒီပွဲတော်ကို ဘယ်သူမဆို အခမဲ့ဝင်ရောက်ဖူးမြော်ခွင့်ပြုထားပြီး လာရောက်ဖူးမြော်သူတွေကို အဆောင်လက်ဖွဲ့တွေပေးသလို အိန္ဒိယရိုးရာမုန့်တွေကိုလည်း ဝေငှလှူဒါန်းခဲ့ပါတယ်။ဒီပွဲတော်ကိုပြုလုပ်ရတာက အိန္ဒိယရှိ ချာဒါမ်တွေနဲ့ ဗုဒ္ဓဂါယာကို ကိုယ်တိုင် မသွားရောက်နိုင်သေးတဲ့သူတွေ ၊ သွားဖို့စိတ်ကူးထားသူတွေအတွက်အခွင့်အလမ်းတစ်ရပ် ဖန်တီးပေးနိုင်ဖို့၊ရန်ကုန်မြို့မှာသန့်ရှင်းမြတ်နိုးရာနေရာတွေရဲ့ အာရုံခံစားမှု၊ ပတ်ဝန်းကျင်ရဲ့အနက်အဓိပ္ပါယ်ကို ဆက်သွယ်ခံစားနိုင်ဖို့၊ အိန္ဒိယနဲ့ မြန်မာ လူမှုအသိုင်းအဝိုင်းတွေအကြား ယဉ်ကျေးမှု၊ ယုံကြည်ကိုးကွယ်မှုနဲ့ ဘာသာရေး လေ့လာမှုတွေကို မြှင့်တင်ဖို့၊ထူးခြားပြီး အဓိပ္ပါယ်ရှိတဲ့ အတွေ့အကြုံကတစ်ဆင့် အိန္ဒိယ–မြန်မာ ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးကို ပိုမိုခိုင်မာစေဖို့နဲ့ လေးဌာနကို တစ်နေရာထဲမှာ အလွယ်တကူဖူးမြော်နိုင်ဖို့ ရည်ရွယ်တယ်လို့ဆိုပါတယ်။ပွဲတော်ဒုတိယနေ့မှာ အိန္ဒိယသံရုံးတာဝန်ရှိသူတွေကဘုရားကျောင်းလေးနေရာကိုသွားရောက်ဝတ်ပြုကြပြီးဆီးမီးထွန်းညှိပူဇော်မှုတွေပြုလုပ်ခဲ့ကြတယ်လို့လည်းသိရပါတယ်။


news-view-count-icon

41