back

မြန်မာနိုင်ငံကနေ တရုတ်ပြည်သူ့သမ္မတနိုင်ငံကိုစားသောက်ကုန်ပစ္စည်းတွေ တင်ပို့ဖို့ GACC မှာ မှတ်ပုံတင်ရမယ်

Dec 14 • 6:18 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာနိုင်ငံကနေ တရုတ်ပြည်သူ့သမ္မတနိုင်ငံကိုစားသောက်ကုန်ပစ္စည်းတွေ တင်ပို့ဖို့ GACC မှာ မှတ်ပုံတင်ရမယ်

မြန်မာနိုင်ငံ ကနေ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို စားသောက်ကုန်ပစ္စည်း တွေ တင်ပို့ဖို့ GACC မှာ မှတ်ပုံတင်ရမယ်လို့ မြန်မာကုန်သွယ်မှုမြင့်တင်ရေးအဖွဲ့က ထပ်မံ အသိပေးပြ...

မြန်မာနိုင်ငံ ကနေ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို စားသောက်ကုန်ပစ္စည်း တွေ တင်ပို့ဖို့ GACC မှာ မှတ်ပုံတင်ရမယ်လို့ မြန်မာကုန်သွယ်မှုမြင့်တင်ရေးအဖွဲ့က ထပ်မံ အသိပေးပြောထားပါတယ်။

မြန်မာနိုင်ငံ ကနေ တရုတ်နိုင်ငံကို စားသောက်ကုန်တင်ပို့မယ့် ၊ တင်ပို့ နေတဲ့ လုပ်ငန်းရှင် တွေ အနေနဲ့ GACC မှာ မှတ်ပုံတင်ဆောင်ရွက်နိုင်ဖို့ သိရှိလိုတာ‌ေတွ ရှိတယ်ဆိုရင် ဖော်ပြထားတဲ့ ဖုန်း ၊ အီးမေးလ် တွေကတစ်ဆင့် ဆက်သွယ်မေးမြန်းသွားနိုင်ပါတယ်လို့။" မြန်မာကုန်သွယ်မှုမြင့်တင်ရေးအဖွဲ့ကပြောပါတယ်။မြန်မာနိုင်ငံ ကနေ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို လယ်ယာစိုက်ပျိုးရေးထွက်ကုန်တွေ အပါအဝင် ကုန်စည် တွေကို တရားဝင်တင်ပို့နိုင်ဖို့ အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC) က online စနစ်နဲ့ (CA ထောက်ခံချက် လျှောက်ထားမှုနဲ့ကုမ္ပဏီကိုယ်တိုင်လျှောက်ထားမှု) မှတ်ပုံတင်ပေးပြီးဖြစ်တဲ့ လုပ်ငန်းများစာရင်းတွေကို GACC ရဲ့ Website မှာ ဖော်ပြထားပါတယ်။စာရင်းအရ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်အထိ စုစုပေါင်းစောင်ရေ ၁၂၂၉ စောင်ကို မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်တယ်လို့သိရပါတယ်။အာဏာပိုင်အဖွဲ့(Competent Authority) ကသာ GACC ရဲ့ အပင်နဲ့ တိရစ္ဆာန်ရောဂါထိန်းချုပ်ရေးဌာနကို ၎င်းလျှောက်ထားမှုကို စာ ၊ email ၊ ပေးပို့ပြီးဖြစ်စေ ၊ မြန်မာနိုင်ငံရှိ တရုတ်သံရုံး၊ တရုတ်နိုင်ငံရှိ မြန်မာသံရုံးက တစ်ဆင့် ပေးပို့လျှောက်ထားရမှာဖြစ်တယ်လို့သိရပါတယ်။မှတ်ပုံတင်ခွင့်ပြုသက်တမ်းမှာ ၅ နှစ်ဖြစ်ပြီး ၊သက်တမ်းတိုး ထပ်မံလျှောက်ထားမယ်ဆိုရင် သက်တမ်းမကုန်ဆုံးမီ ၃ လ ကနေ ၆ လ အတွင်း ကြိုတင်လျှောက်ထားသွားဖို့လိုအပ်မှာဖြစ်ပါတယ်။

news-view-count-icon

41