ကယားပြည်နယ်(ကရင်နီပြည်) အဆင့်မြင့်ပညာရေးဌာန လက်အောက်ရှိ ဖန်းဆော်တက္ကသိုလ် (ဝိဇ္ဇာ သိပ္ပံ တက္ကသိုလ်)တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ နေ့သင်တန်းသားများအတွက် ကျောင်းအပ် လက်ခံ နေပြီဖြစ်ပါသည်။၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊သင်ကြားရေးကာလကို ၂၀၂၆ ခုနှစ် ၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် ဖန်းဆော်တက္ကသိုလ်တွင် ပထမနှစ်သင်တန်းမှ မဟာဘွဲ့အထိ ကျောင်းသား ၊ ကျောင်းသူများအနေဖြင့် လာမည့် ဒီဇင်ဘာလ ၁၅ ရက်နေ့မှစ၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့ အထိ ကျောင်းအပ်နိုင်ပြီ ဖြစ်ကြောင်း ကြေညာထားသည်။ကျောင်းအပ်နှံရာတွင် ဖန်းဆော်တက္ကသိုလ်မှ ဝင်ခွင့်ရရှိခဲ့သူများ၊ ဖန်းဆော်တက္ကသိုလ် အောင်စာရင်းထုတ်ပြန်ကြေညာချက်တွင် ပါဝင်သူများ အပြင်၂၀၂၀ ပြည့်နှစ် မတိုင်မီ တက်လက်စ ဒုတိယ နှစ်ဝက် သင်တန်း တက်ရန် ကျန်ရှိသူများ နှင့် အခြားပြည်နယ်များရှိ ဝိဇ္ဇာသိပ္ပံတက္ကသိုလ် ကျောင်းသား၊ကျောင်းသူများလည်း လာရောက်အပ်နှံနိုင်ကြောင်း ဖော်ပြထားသည်။ 
Dec 14 • 4:23 AM
မြန်မာ
ကယား
မျှဝေမည်
| 23 | 0 | 0 | 0 |


