နေပြည်တော်၊ဥတ္တရသီရိမြို့နယ်၌ ဒီဇင်ဘာ ၁၁ ရက်က ကြာနီကန်ဆရာတော်၏ အနန္တငါးပါးရှိခိုးမှုနှင့် ကိုရီးယားဂန်းနန်းစတိုင် သီချင်းတီးလုံးတို့အား ပေါင်းစပ်သရုပ်ဖော်သည့် "အောင်စိုးမင်း” ဂီတပဒေသာဆိုင်းအဖွဲ့မှ ဆိုင်းဆရာအပါအဝင် ငါးဦးကို ဒီဇင်ဘာ ၁၃ ရက် ည ၁၀ နာရီ မိနစ် ၅ဝတွင် ဖမ်းဆီးအရေးယူထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။ ကြာနီကန်ဆရာတော်၏ အနန္တငါးပါးရှိခိုးမှုနှင့် ကိုရီးယားဂန်းနန်းစတိုင် သီချင်းတီးလုံးတို့အား ပေါင်းစပ်သရုပ်ဖော်၍လူရွှင်တော်ဖြစ်သူ စိုးမင်းဦးက သင်္ကန်းဝတ်ဆင် သရုပ်ဖော်ပြီး ကိုရီးယားသီချင်းတီးလုံးဖြင့် သင်္ကန်းအားချွတ်ကာ အများပြည်သူအမြင်မတင့်တယ်သည့် ညစ်ညမ်းသောအပြုအမူဖြင့် အင်္ကျီပါ ပုဆိုးခါးတောင်းကျိုက်ပြီး သရုပ်ပျက်ကပြရာတွင် ထက်လင်းဦး (ခ) မျက်ပြူး၊ ကိုဖြိုး (ခ) ဝေဖြိုးထက်နှင့် နန်းဝတီတို့က ပါဝင်သရုပ်ဖော်ကပြခဲ့ကြတာဖြစ်ပါသည်။ပြစ်မှုကျူးလွန်သူများအား အရေးယူနိုင်ရေးအတွက် တောင်ညိုနယ်မြေရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၂၉၄/ ၂၉၅-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့သည်။
ဥတ္တရသီရိမြို့နယ်၌ ကြာနီကန်ဆရာတော်၏ အနန္တငါးပါးရှိခိုးမှုကို သရုပ်ဖော်သည့် ဆိုင်းဆရာအပါအဝင် ငါးဦး ဖမ်းဆီးခံရ
Dec 14 • 4:21 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 40 | 0 | 0 | 0 |


