back

ပြည်တွင်း၌ စျေးကောင်းရနေသည့် ပဲပုပ်များကို တိုးချဲ့စိုက်ပျိုးသင့်ဟု ဆို

Dec 14 • 4:19 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်း၌ စျေးကောင်းရနေသည့် ပဲပုပ်များကို တိုးချဲ့စိုက်ပျိုးသင့်ဟု ဆို

ပြည်တွင်း၌စျေးကောင်းရနေသည့် ပဲပုပ်များကို တောင်သူများ တိုးချဲ့စိုက်ပျိုးသင့်ကြောင်း မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းဥက္ကဋ္ဌ ဦးဆန်းထွန်းလွင်က ဒို့ကျေးရွာဂျာန...

ပြည်တွင်း၌စျေးကောင်းရနေသည့် ပဲပုပ်များကို တောင်သူများ တိုးချဲ့စိုက်ပျိုးသင့်ကြောင်း မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းဥက္ကဋ္ဌ ဦးဆန်းထွန်းလွင်က ဒို့ကျေးရွာဂျာနယ်သို့ ပြောကြားချက်အရ သိရသည်။ မြန်မာ နိုင်ငံ၏မွေးမြူရေးကဏ္ဍအတွက် အရေးပါသော ကုန်စည်များဖြစ်ပြီး ပြည်တွင်းဆီစက်များမှ ထွက်ရှိသော ဆီကြိတ်ဖတ်များဖြစ်သည့် ပဲဖတ်၊ နှမ်းဖတ်၊ နေကြာဖတ်၊ မုန်ညင်းဖတ်၊ ပန်းနှမ်းဖတ်၊ ပဲပုပ်ဖတ် စသည်တို့အနက် လက်ရှိတွင် ပဲပုပ်ဖတ်ကို အစာစက်ရုံများတွင် အသုံးပြုမှုများပြီး ပြည်တွင်းဝယ်လိုအားများရှိနေကာ စျေးကောင်း ရရှိနေသည်။လက်ရှိတွင် ပဲပုပ်တစ်တင်းလျှင် ၇၅,၀၀၀ ကျပ်ဝန်းကျင် ပေါက်စျေးရှိကာ ပဲပုပ်တစ်တင်းကို ကြိတ်ခွဲရာတွင် ပဲဆီ ၁၂ ရာခိုင်နှုန်းထွက်ရှိ၍ ၎င်းထဲမှ ဆီကြမ်းနှစ်ပိဿာ ၄၀ သားရရှိကာ အဆိုပါဆီကြမ်းကို ပြန်လည်အကြည်ခံပါက ပဲဆီနှစ်ပိဿာခန့် ရရှိပြီး ပဲပုပ်ဖက် ၁၇ ပိဿာဝန်းကျင်ထွက်ရှိကြောင်း သိရသည်။

news-view-count-icon

34