ထိုင်းနိုင်ငံ၊ ဘန်ကောက်နှင့် ချွန်ဘူရီမြို့များတွင် ကျင်းပနေသည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Games) သို့ မြန်မာအားကစားအဖွဲ့သည် အားကစားနည်း ၂၀ ကျော်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ စုစုပေါင်း ဆုတံဆိပ် ၁၂ ခု ထပ်မံဆွတ်ခူးရရှိခဲ့သည်။ ယင်းဆုတံဆိပ်များမှာ တက်ဂ်ဘောအားကစားနည်းမှ ငွေတံဆိပ် ၂ ခုနှင့် ကြေးတံဆိပ် ၂ ခု၊ ဂျူဒိုအားကစားနည်းမှ ငွေတံဆိပ် ၁ ခု၊ တိုက်ကွမ်ဒိုအားကစားနည်းမှ ကြေးတံဆိပ် ၄ ခု၊ ဘိလိယက်နှင့်စနူကာမှ ကြေးတံဆိပ် ၁ ခု၊ ကရာတေးမှ ကြေးတံဆိပ် ၁ ခုနှင့် အလေးမမှ ကြေးတံဆိပ် ၁ ခုတို့ ဖြစ်သည်။ မြန်မာအားကစားသမားများ ယှဉ်ပြိုင်နေမှုကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဦးဆောင်သည့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့သည်။
၃၃ ကြိမ်မြောက် SEA Games တွင် မြန်မာအသင်းမှ ဆုတံဆိပ် ၁၂ ခု ထပ်မံဆွတ်ခူး၊ တက်ဂ်ဘောမှ ငွေ ၂၊ ကြေး ၂၊ ဂျူဒိုမှ ငွေ ၁ နှင့် အခြား ၇ ဆု ရရှိ
Dec 14 • 4:05 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 37 | 0 | 0 | 0 |


