back

ဂါဇာစစ်ဆင်ရေးအတွင်း ဟားမတ်စ်အကြီးတန်းတပ်မှူး သေဆုံး

Dec 14 • 3:41 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဂါဇာစစ်ဆင်ရေးအတွင်း ဟားမတ်စ်အကြီးတန်းတပ်မှူး သေဆုံး

ဂါဇာမြို့မှာ ဒီဇင်ဘာလ ၁၃ ရက်က ကားတစ်စီးကို တိုက်ခိုက်မှုတစ်ခုအဖြစ်စဥ်ကြောင့်ဟားမတ်စ် အကြီးတန်းတပ်မှူး ရာ့ဒ် ဆာအိဒ်ဟာ့စ် သေဆုံးခဲ့တယ်လို့အစ္စရေးစစ်တပ်က အတည်ပြုပြ...

ဂါဇာမြို့မှာ ဒီဇင်ဘာလ ၁၃ ရက်က ကားတစ်စီးကို တိုက်ခိုက်မှုတစ်ခုအဖြစ်စဥ်ကြောင့်ဟားမတ်စ် အကြီးတန်းတပ်မှူး ရာ့ဒ် ဆာအိဒ်ဟာ့စ် သေဆုံးခဲ့တယ်လို့အစ္စရေးစစ်တပ်က အတည်ပြုပြောကြားခဲ့တာကို Reuters သတင်းမှာဖော်ပြထားပါတယ်။ဂါဇာကျန်းမာရေးအာဏာပိုင်တွေ အဆိုအရ တိုက်ခိုက်မှုအတွင်း လူလေးဦးသေဆုံးပြီး အနည်းဆုံး ၂၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ သေဆုံးသူတွေထဲမှာဟားမတ်စ် အကြီးတန်းတပ်မှူး ဆာအိဒ်လည်း ပါဝင်ကြောင်း အစ္စရေးက ချက်ချင်းအတည်ပြုချက် ထုတ်ပြန်ထားတာဖြစ်ပါတယ်။ဆာအိဒ် သေဆုံးမှုဟာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အသက်ဝင်ခဲ့ပြီးနောက်ပိုင်း ဟားမတ်စ် အကြီးတန်းပုဂ္ဂိုလ်တစ်ဦးရဲ့ အထင်ရှားဆုံး လုပ်ကြံသတ်ဖြတ်မှု တစ်ခု ဖြစ်လာတာလည်းဖြစ်ပါတယ်။


news-view-count-icon

38