ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးဌာနက ၂၀၂၆ ခုနှစ် နှစ်သစ်ကူး Countdown ကာလအတွင်း မီးရှူးမီးပန်းနှင့် မီးပုံးပျံ လွှတ်တင်မှုများကို နယ်မြေခရိုင် ၅၀ အားလုံး၌ ခွင့်ပြုချက်ပေးသည့် စံနှုန်းများအတိုင်း တင်းတင်းကြပ်ကြပ် ဆောင်ရွက်ရန် ညွှန်ကြားလိုက်သည်။ အဆိုပါ လုပ်ဆောင်မှုများကြောင့် မကြာခဏ ပေါက်ကွဲမှုများနှင့် မီးလောင်မှုများ ဖြစ်ပွားလေ့ရှိသည့်အတွက် ယခုကဲ့သို့ စည်းမျဉ်းထုတ်ပြန်ခြင်းဖြစ်ကြောင်း BMA တာဝန်ရှိသူ Narong Ruangsri က ပြောကြားခဲ့သည်။ စည်းမျဉ်းအရ လျှောက်ထားသူများသည် အသက် ၂၀ အထက် ထိုင်းနိုင်ငံသား ဖြစ်ရမည့်အပြင်၊ လှုပ်ရှားမှုမပြုလုပ်မီ အနည်းဆုံး ၁၅ ရက် ကြိုတင်တင်ပြရမည်ဖြစ်ပြီး၊ ခွင့်ပြုချက်ရသူများအတွက်လည်း မီးရှူးမီးပန်းလွှတ်တင်ခြင်းကို ဒီဇင်ဘာ ၃၁ ရက် ည ၁၁ နာရီမှ ဇန်နဝါရီ ၁ ရက် မနက် ၁ နာရီအထိသာ ခွင့်ပြုမည်ဖြစ်သည်။ ခွင့်ပြုချက်မရှိဘဲ ဖောက်သူများကို ထောင်ဒဏ် ၃ နှစ်အထိ သို့မဟုတ် ငွေဒဏ် ဘတ် ၆၀,၀၀၀ အထိ ချမှတ်ခံရနိုင်ကြောင်းလည်း အသိပေးထားသည်။
Dec 14 • 1:29 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 22 | 0 | 0 | 0 |


