back

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် တရုတ်ကိုဖိတ်ခေါ်

Dec 14 • 1:10 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် တရုတ်ကိုဖိတ်ခေါ်

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ဒီဇင်ဘာ ၁၂ ရက်တွင် ပေကျင်းမြို့၌ ကျင်းပသည့် မြန်မာ-တရုတ် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဖိုရမ်၌ မိန့်ခွန်းပြောကြားရာတ...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ဒီဇင်ဘာ ၁၂ ရက်တွင် ပေကျင်းမြို့၌ ကျင်းပသည့် မြန်မာ-တရုတ် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဖိုရမ်၌ မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံ၌ ဒီဂျစ်တယ်စီးပွားရေး၊ လျှပ်စစ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် အဆင့်မြင့်နည်းပညာသုံးလုပ်ငန်းများအပါအဝင် ရင်းနှီးမြှုပ်နှံနိုင်သည့် နယ်ပယ်များစွာရှိကြောင်း ဖော်ပြကာ တရုတ်နိုင်ငံသားများကို လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့သည်။ မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် စီးပွားရေး-လူမှုရေး ဖွံ့ဖြိုးတိုးတက်လာစေရေး အားယူနေပြီး ကောင်းမွန်သောအနာဂတ်ကို ဦးတည်နေသည့်ကာလဖြစ်သောကြောင့် ရင်းနှီးမြှုပ်နှံမှုပြုရန် အကောင်းဆုံးအချိန်ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်နေသည့် နိုင်ငံများအနက် ဒုတိယမြောက်နေရာတွင် ရှိနေပြီး နှစ်နိုင်ငံကုန်သွယ်မှု ပိုမိုတိုးမြှင့်ရန် ဆန္ဒရှိကြောင်းကိုလည်း သံအမတ်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။

news-view-count-icon

48