ထိုင်းနိုင်ငံတွင် လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားသည့် မြန်မာအလုပ်သမားများ၏ မိသားစုဝင်များ လျော်ကြေးငွေ ရရှိနိုင်ရေးအတွက် မြန်မာသံရုံး (ဗန်ကောက်မြို့) မှ ထောက်ခံစာ ထုတ်ပေးလျက်ရှိရာ၊ ယခုနောက်ပိုင်းတွင် စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံရန် ထောက်ခံစာ လာရောက်လျှောက်ထားမှုများ တွေ့ရှိရကြောင်း သံရုံးက အသိပေးထုတ်ပြန်သည်။ နိုဝင်ဘာ ၃ ရက်က ယာဉ်မတော်တဆမှုဖြင့် ကွယ်လွန်ခဲ့သည့် အလုပ်သမား မောင်အောင်မြင့်ဦး အတွက် ၎င်း၏ဇနီးဆိုသူ မနှင်းချိုက လျော်ကြေးတောင်းခံစာရွက်စာတမ်းများ တင်ပြခဲ့ရာ သံရုံးမှတ်တမ်းနှင့် စိစစ်ရာ၌ အချက်အလက် ကွဲလွဲမှုများ တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် မနှင်းချိုအနေဖြင့် ဒီဇင်ဘာ ၁၉ ရက် နောက်ဆုံးထား၍ စာရွက်စာတမ်းမူရင်းများနှင့်တကွ လာရောက်ဖြေရှင်းရန် သံရုံးက ထပ်မံအသိပေးထားပြီး၊ စာရွက်စာတမ်းအတုအပ ကိုင်ဆောင်သူ သို့မဟုတ် ပြုလုပ်ပေးသူများကို သက်ဆိုင်ရာအာဏာပိုင်များနှင့်ပူးပေါင်း၍ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းရောက်မြန်မာအလုပ်သမားအချို့ လျော်ကြေးငွေတောင်းခံရာတွင် စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြမှုများရှိနေဟု မြန်မာသံရုံး သတိပေး
Dec 14 • 1:08 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 46 | 0 | 0 | 0 |


