ဖေဖော်ဝါရီလ၁ဝရက်နေ့ မနက်၅နာရီအချိန်ကထိုင်းနိုင်၊ချွန်ဘူလီခရိုင်၊လယောင်မြို့နယ်တွင်ရှိ စည်ပင်ဌာနမှအမှိုက်သိမ်ယာဉ်မှာ ညဆိုင်းအလုပ်လုပ်နေတဲ့ မြန်မာ (ရွှေ့ပြောင်း)အလုပ်သမားတစ်ဦးအမှိုက်များထည့်နေစဉ်အနောက်မှ လော့တို့ကားက အရှိန်ပြင်းထန်စွာဝင်တိုက်မိပြီး သေဆုံးခဲ့ရတဲ့ဖြစ်စဉ်အ တွက် ရသင့်တဲ့နစ်နာကြေး ရရှိရန်အတွက် WAG အ လုပ်သမားမဟာမိတ်အဖွဲ့က အကူညီပေးမယ်လို့ သိရပါတယ်။ သေဆုံးသူ ကိုမောင်မောင်ဆိုသူဟာ တရားဝင်းအ လုပ်သမားကတ်ကိုင်ဆောင်ထားသူဖြစ်ပြီး ပဲခူး တိုင်းဒေသကြီး၊ပဲခူးမြို့၊ကျောက်ကြီးစုမှာ နေထိုင်ခဲ့သူဖြစ်ပြီး ဇနီးနဲ့သား၊သမီးနှစ်ဦးကျန်ရှိခဲ့တယ်လို့ သိရပါတယ်။



