ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ယာဥ်ထိန်းရဲ၊ စစ်သား၊ ရဲတို့အဖွဲ့စုံပူးပေါင်းပြီး ယနေ့ ဒီဇင်ဘာ (၁၃)ရက် နံနက် (၁၁)နာရီနောက်ပိုင်း ခိုင်မေတ္တာဆေးရုံ လမ်းဆုံတွင် ဖမ်းဆီးနေကြောင်း သိရသည်။ဖမ်းဆီးသည့်နေရာတွင် အော်ဟစ်ဆဲဆို ခြိမ်း ခြောက်သည့် ပုံစံဖြင့် ဖမ်းဆီးခံရကြောင်း သိရသည်။ဖမ်းဆီးခံရသည့်ယာဥ်များသည် ဒေသခံများအပြင် အခြားနယ်မှ စျေးသုံး၊ ဆေးရုံလာပြသည့် အဆင်မပြေသည့် လူတန်းစားများ၏ ကားများစွာ ပါသွားကြောင်း သိရသည်။



