သီရိဂျေမောင်မောင်ဟာလေဖြတ်သွားတဲ့ ဖခင်ဖြစ်သူ အဆိုတော်ဂျေမောင်မောင်ကို
သူမ တစ်ဦးတည်းကသာလျှင် တာဝန်ယူစောင့်ရှောက်မယ့်အကြောင်းကို သူမက အစောပိုင်းတည်းက အသိပေးထားခဲ့ပြီးဖြစ်ပါတယ်။ ဖခင်ဖြစ်သူ ဂျေမောင်မောင် လေဖြတ်သွားပြီးနောက် ယခုအချိန်ထိ လေ့ကျင့်ခန်းတွေတောက်လျှောက်လုပ်ပြီး ပြန်လည်ကျန်းမာလာဖို့ကို သမီးဖြစ်သူကသာ တာဝန်ယူပေးနေခဲ့တာပါ။ ဖခင်ရဲ့ ကျေးဇူးတရားတွေကို အနီးကပ်ဆပ်ခွင့်ရနေတဲ့ သူမအတွက်တော့ ကုသိုလ်ကံကောင်းခြင်းပဲဖြစ်ပါတယ်။



