မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရားကြီးအား ဗုဒ္ဓဘာသာဝင်များ ဆောင်းတွင်းအခါသမယ ကုသိုလ်ကောင်းမှုပြုနိုင်ရန်အတွက် ခြုံထည်ကတ္တီပါသင်္ကန်း ကပ်လှူပူဇော်နိုင်ကြောင်း ဂေါပကအဖွဲ့မှ အသိပေးထုတ်ပြန်သည်။ အသင့်ပြင်ဆင်ထားသော သင်္ကန်းတစ်ထည်လျှင် ငွေကျပ် (၉၀,၀၀၀) နှုန်းဖြင့် ကြိုတင်ငွေသွင်း လှူဒါန်းနိုင်ပြီး၊ လှူဒါန်းမည့်ရက်ကို (၃) ရက်ကြိုတင်၍ စာရင်းပေးသွင်းရန် လိုအပ်ကြောင်း သိရသည်။ မဟာမြတ်မုနိဘုရားကြီးအား ခေတ်အဆက်ဆက်မှစ၍ ဂေါတမမြတ်စွာဘုရားရှင်အား ကိုးကွယ်ပူဇော်သည့်အစဉ်အလာအတိုင်း နေ့စဉ် နံနက်အရုဏ်တက်ချိန်တွင် မျက်နှာသစ်တော်ရေ ဆက်ကပ်လှူဒါန်းခြင်းဖြင့် ရောင်တော်ဖွင့်ခြင်းကို ဆောင်ရွက်လျက်ရှိသည်။
မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရားကြီးအား ခြုံထည်ကတ္တီပါသင်္ကန်းလှူဒါန်းနိုင်
Dec 13 • 8:06 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 39 | 0 | 0 | 0 |


