ဆန်မျိုးစုံရောင်းဝယ်မှု ကဏ္ဍ မှာ တစ်ပတ်တာ ဈေးကွက်အတွင်း ဧည့်မထဆန် နဲ့ ဖွဲနု ဈေး တွေ မြင့်တက်နေတယ်လို့ ဈေးကွက်အတွင်းကသိရပါတယ်။လက်ရှိဈေးကွက်အတွင်းမှာ ပေါ်ဆန်းမွှေးဆန် ဈေးတည်ငြိမ်ပြီး ၊ ဧည့်မထဆန်(ဟောင်း)၊ ဧည့်မထဆန်(သစ်)နဲ့ ဖွဲနု ဈေး တွေ မြင့်တက်ကာ ၊ ဆန်ကွဲB(1,2) ၊ ဆန်ကွဲB(2,3,4) ဈေး တွေကျဆင်းနေပါတယ်လို့သိရပါတယ်။ "ပဲခူးတိုင်းဒေသကြီးအနေနဲ့ ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍ မှာ ဆန်လက်ကျန်၊ စပါး လက်ကျန်အနည်းအများ၊ ရန်ကုန်ဝယ်လက်နဲ့ သုံးစွဲသူတွေရဲ့ ဝယ်လိုအားအနည်းအများအပေါ် မူတည်ပြီး ဆန်နှင့်ဆန်ကွဲ၊ ဖွဲနုဈေးတွေ အတက်အကျ ဖြစ်ပေါ်နေပါတယ်လို့ " ပဲခူးဆန်ကုန်စည်ဒိုင် ဈေးကွက်အတွင်းက ဆိုပါတယ်။ပဲခူးကုန်စည်ဒိုင်အနေနဲ့ ဒီဇင်ဘာ ၅ ရက် မှာ ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ် အိတ် ၆၅,၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၅၀,၀၀ဝကျပ် ၊ပေါ်ဆန်းမွှေးဆန်တစ် အိတ် ၁၂၀,၀၀ဝကျပ် ၊ဆန်ကွဲB(1,2)တစ်အိတ် ၄၅၀၀ဝကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၄၁,၀၀ဝကျပ် နဲ့ ဖွဲနုတစ်အိတ် ၂၄,၆၀၀ကျပ် တွေနဲ့ အသီးသီးအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ဒီဇင်ဘာ ၁၂ ရက်မှာ ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ်အိတ် ၇၀,၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ) (သစ်)တစ်အိတ် ၅၅,၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၁၂၀,၀၀ဝကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၄၄,၀၀ဝကျပ်၊ ဆန်ကွဲB(2,3,4) တစ်အိတ် ၄၀,၀၀ဝကျပ်နဲ့ ဖွဲနုတစ်အိတ် ၂၆,၄၀၀ကျပ် တွေနဲ့ အသီးသီး အရောင်း အဝယ်ဖြစ် ခဲ့တယ်လို့သိရပါတယ်။တစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ်အိတ် ၅,၀၀၀ ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၅,၀၀ဝကျပ်နဲ့ဖွဲနုတစ်အိတ် ၆,၀၀ကျပ် ဈေးများမြင့် တက်ကာ ဆန်ကွဲB(1,2)တစ်အိတ် ၁,၀၀၀ကျပ်နဲ့ ဆန်ကွဲ B(2,3,4)တစ်အိတ် ၂,၀၀ဝကျပ်ဈေးကျ ပြီး ၊ပေါ်ဆန်းမွှေးဆန် ဈေးတည်ငြိမ်နေတယ်လို့သိရပါတယ်။အခုလို ဧည့်မထဆန်(မနောသုခ)(ဟောင်း)၊ ဧည့်မထဆန် (မနောသုခ)(သစ်)နဲ့ ဖွဲနုဈေး တွေ မြင့်တက်သွားတာဟာဝယ်လိုအားများတာကြောင့် ဈေးမြင့်တက် သွားတာဖြစ်ပြီး၊ ဆန်ကွဲB(1,2)နဲ့ ဆန်ကွဲB(2,3,4) ဈေး တွေကျဆင်းသွားတာဟာ စပါး၊ဆန် လက်ကျန် များနေပြီး ဝယ်လိုအားနည်းတာကြောင့် ဈေးကျဆင်းသွားတာဖြစ်တယ်လို့ ပဲခူးကုန်စည်ဒိုင် က သိရှိရပါတယ်။



