back

အငြင်းပွားကျွန်းစုအနီး ဖိလစ်ပိုင်လေယာဉ်နဲ့ ရေယာဉ်တွေကို မောင်းထုတ်ခဲ့ဟု တရုတ် ပြော

Dec 13 • 6:36 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

အငြင်းပွားကျွန်းစုအနီး ဖိလစ်ပိုင်လေယာဉ်နဲ့ ရေယာဉ်တွေကို မောင်းထုတ်ခဲ့ဟု တရုတ် ပြော

တောင်တရုတ်ပင်လယ်အနီး အငြင်းပွားကျွန်းစုအနီး ဖိလစ်ပိုင် လေယာဉ်တစ်စင်းနဲ့ ရေယာဉ်တွေ ကို မောင်းထုတ်ခဲ့တယ်လို့ တရုတ်နိုင်ငံက ဒီဇင်ဘာလ ၁၂ ရက်မှာ ပြောကြားခဲ့ပါတယ်။စကာ...

တောင်တရုတ်ပင်လယ်အနီး အငြင်းပွားကျွန်းစုအနီး ဖိလစ်ပိုင် လေယာဉ်တစ်စင်းနဲ့ ရေယာဉ်တွေ ကို မောင်းထုတ်ခဲ့တယ်လို့ တရုတ်နိုင်ငံက ဒီဇင်ဘာလ ၁၂ ရက်မှာ ပြောကြားခဲ့ပါတယ်။စကားဘရော့သောင်စွယ်အထက် လေပိုင်နက်ကို ကျူးကျော်လာတဲ့ ဖိလစ်ပိုင်လေယာဉ်တစ်စင်း ကို သတိပေးကာ မောင်းထုတ်ခဲ့တယ်လို့ တရုတ်စစ်တပ်က ပြောပါတယ်။ရန်စမှုတွေပြုလုပ်ဖို့ ဆာဘီနာသောင်စွယ်အနီး ရေပိုင်နက်အတွင်း ဖိလစ်ပိုင်ရေယာဉ်တွေ ဝင် ရောက်လာခဲ့တယ်လို့ တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့က သီးခြားထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါ တယ်။နှုတ်ဖြင့် သတိပေးမှုတွေ၊ ဖိအားပေး နှင်ထုတ်တာတွေ အပါအဝင် ထိန်းချုပ်ရေး အစီအမံတွေ လုပ်ဆောင်ခဲ့တယ်လို့ တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာဥပဒေအရ တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံရဲ့ ပိုင်နက်နယ်မြေ တောင်းဆိုချက်တွေကို မထောက်ခံဘူးလို့ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ အနုညာတခုံရုံးက ၂၀၁၆ ခုနှစ်မှာ စီရင်ချက် ချမှတ်ခဲ့ပါတယ်။စကားဘရော့သောင်စွယ်မှာ အာရှတိုက်ရဲ့ အငြင်းပွားဆုံး ပင်လယ်ရေကြောင်း ပိုင်နက်တစ်ခု ဖြစ် ကာ အချုပ်အခြာအာဏာနဲ့ ပိုင်ဆိုင်ခွင့်အတွက် အငြင်းပွားနေရာတစ်ခု ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ အငြင်းပွားကျွန်းစုမှာ သဘာဝကြိုးဝိုင်းတစ်ခု တည်ထောင်မှုကို စက်တင်ဘာလ အတွင်း အတည်ပြုခဲ့ရာ ဖိလစ်ပိုင်နိုင်ငံက အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။ဆာဘီနာသောင်စွယ်ဟာ ဖိလစ်ပိုင်နိုင်ငံ၊ ပလာဝမ်ပြည်နယ်ရဲ့အနောက်ဘက် ကီလိုမီတာ ၁၅၀ အကွာမှာ တည်ရှိပြီး ဖိလစ်ပိုင်နိုင်ငံရဲ့ အထူးစီးပွားရေးဇုန်အတွင်း ပါဝင်ပါတယ်။




news-view-count-icon

16