back

သီရိလင်္ကာနိုင်ငံ၏ ငါးပုံတစ်ပုံ ရေဘေးသင့်ခဲ့ဟု ယူအင်န်ဒီပီဆို

Dec 13 • 6:05 AM

breaking-news

မြန်မာ

ပြည်ပ

cover

သီရိလင်္ကာနိုင်ငံ၏ ငါးပုံတစ်ပုံ ရေဘေးသင့်ခဲ့ဟု ယူအင်န်ဒီပီဆို

မကြာသေးမီက ဒစ်ဝါဆိုင်ကလုန်းမုန်တိုင်းကြောင့် သီရိလင်္ကာနိုင်ငံ၏ ငါးပုံတစ်ပုံသည် ရေကြီး ရေလျှံမှုဖြစ်ပွားခဲ့ရာ လူဦးရေ ၂ ဒသမ ၃ သန်းခန့်ထိခိုက်ခဲ့ရကြောင်း ယူအင်န်ဒ...

မကြာသေးမီက ဒစ်ဝါဆိုင်ကလုန်းမုန်တိုင်းကြောင့် သီရိလင်္ကာနိုင်ငံ၏ ငါးပုံတစ်ပုံသည် ရေကြီး ရေလျှံမှုဖြစ်ပွားခဲ့ရာ လူဦးရေ ၂ ဒသမ ၃ သန်းခန့်ထိခိုက်ခဲ့ရကြောင်း ယူအင်န်ဒီပီက ဒီဇင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်သည်။လွန်ခဲ့သည့်လကုန်တွင် မုန်တိုင်းသည် သီရိလင်္ကာကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် အနည်းဆုံး လူ ၆၃၉ ဦး သေဆုံးခဲ့ပြီး ၁၉၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲ ရေးအေဂျင်စီက ပြောသည်။မုန်တိုင်းကြောင့် ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုနှင့် မြေပြိုမှုကဲ့သို့သော သဘာ၀ဘေးသည် သီရိလင်္ကာမြေဧရိယာ၏ ၂၀ ရာခိုင်နှုန်းခန့်ရှိသောဟက်တာ ၁ ဒသမ ၁ သန်းကျော်ကို လွှမ်းခြုံခဲ့ ကြောင်းကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်( ယူအင်န်ဒီပီ ) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ရေကြီးရေလျှံမှုဖြစ်ပွားရာဒေသရှိ လူဦးရေ၅၀ ရာခိုင်နှုန်းကျော်သည် မတည်ငြိမ်သောဝင်ငွေနှင့် မြင့်မားသော ကြွေးမြီများဖြင့် ရုန်းကန်နေရပြီးဘေးအန္တရာယ်ကြောင့် ၎င်းတို့၏အခြေအနေကို ပိုမိုဆိုးရွားစေနိုင်ကြောင်း သီရိလင်္ကာနိုင်ငံဆိုင်ရာယူအင်န်ဒီပီ ဌာနေကိုယ်စားလှယ်က ပြောသည်။မိမိတို့၏ ရည်မှန်းချက်မှာ ပြန်လည် ထူထောင်ရေးတစ်ခုတည်း မဟုတ်ဘဲ လူမှုအသိုင်းအဝိုင်းများ နောက်ထပ်သဘာ၀ဘေးကို ခံနိုင်ရည်ရှိပြီး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဖြစ်ကာ ဆက်လက်ပံ့ပိုး ကူညီမှုများ ပေးအပ်ရန်နှင့် ပူးပေါင်းဆောင်ရွက်ရန်နိုင်ငံ တကာအသိုင်းအဝိုင်းအား ၎င်းက တောင်းဆိုခဲ့သည်။


news-view-count-icon

47