back

မနက်စာမစားခြင်းသည်ထင်ထားတာထက် များစွာဘေးအန္တရာယ်ဖြစ်နိုင်ဟု အာဟာရပညာရှင်သတိပေး

Dec 13 • 4:10 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မနက်စာမစားခြင်းသည်ထင်ထားတာထက် များစွာဘေးအန္တရာယ်ဖြစ်နိုင်ဟု အာဟာရပညာရှင်သတိပေး

နံနက်ခင်းမှာ လူတွေက အပြေးအလွှား လှုပ်ရှားနေရကာ မနက်စာစားဖို့ အချိန်မရှိတာကြောင့် မစားဖြစ်လေ့ရှိကြပါတယ်။ မနက်ပိုင်းစောစောထပြီး ၂ နာရီ ၃ နာရီလောက်အထိ ဗိုက်ထဲအစာမ...

နံနက်ခင်းမှာ လူတွေက အပြေးအလွှား လှုပ်ရှားနေရကာ မနက်စာစားဖို့ အချိန်မရှိတာကြောင့် မစားဖြစ်လေ့ရှိကြပါတယ်။ မနက်ပိုင်းစောစောထပြီး ၂ နာရီ ၃ နာရီလောက်အထိ ဗိုက်ထဲအစာမရှိဘဲ နေတတ်ကြပါတယ်။ စားဖို့ကြံတဲ့အချိန်မှာ အဆာလွန်နေပြီး ကျန်းမာရေးအတွက် မကောင်းတာတွေ စားဖြစ်ကြတာကြောင့် ကျန်းမာရေးကို အသံတိတ်ဒုက္ခပေးနေပါတယ်။ မနက်စာမစားတဲ့အခါ ဖြစ်ပျက်တာတွေကို အာဟာရပညာရှင် ပူဂျာမာခီဂျာက ပြောသွားပါတယ်။ မနက်စာ မစားလေ့ရှိသူတွေကို လေ့လာချက်ပေါင်း ၄၅ ခုဖြင့် ဆန်းစစ်ခဲ့ရာမှာ ၃၁ ရာခိုင်နှုန်းက ဝမ်းဗိုက်အဆီထွက်ခြင်း၊ ၄၈ ရာခိုင်နှုန်းက ကိုယ်အလေးချိန်များခြင်း၊ ၄၄ ရာခိုင်နှုန်းက အဝလွန်ခြင်း ဖြစ်နိုင်ခြေများတာကို တွေ့ခဲ့ရပါတယ်။

news-view-count-icon

50