back

လာမည့်ငါးနှစ်အတွင်း နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို ရုရှားတိုက်ခိုက်လာနိုင်ဟုဆို

Dec 13 • 3:49 AM

breaking-news

မြန်မာ

ပြည်ပ

cover

လာမည့်ငါးနှစ်အတွင်း နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို ရုရှားတိုက်ခိုက်လာနိုင်ဟုဆို

ရုရှားနိုင်ငံသည် လာမည့်ငါးနှစ်အတွင်း နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို တိုက်ခိုက်နိုင်ကြောင်း နေတိုးအဖွဲ့အကြီးအကဲက ဒီဇင်ဘာ ၁၁ ရက်တွင်သတိပေးပြောကြားလိုက်သည်။ရုရ...

ရုရှားနိုင်ငံသည် လာမည့်ငါးနှစ်အတွင်း နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို တိုက်ခိုက်နိုင်ကြောင်း နေတိုးအဖွဲ့အကြီးအကဲက ဒီဇင်ဘာ ၁၁ ရက်တွင်သတိပေးပြောကြားလိုက်သည်။ရုရှားနိုင်ငံသည် မိမိတို့၏လူ့အဖွဲ့အစည်းများအပေါ် လျှို့ဝှက်စစ်ဆင်ရေးကို တိုးမြှင့်နေပြီဖြစ်သည် ဟု မာ့ခ်ရူတီက ဂျာမနီ၌ပြောကြားသောမိန့်ခွန်းတစ်ခုတွင် ပြောကြားခဲ့သည်။မိမိတို့၏ အဘိုးအဘွားများ ရင်ဆိုင်ခဲ့ရဖူးသော စစ်ပွဲအတိုင်းအဆမျိုးအတွက် ပြင်ဆင်ထားရမည်ဟု ၎င်းကပြောသည်။အဆိုပါ သတိပေးချက်သည်၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင်စတင်ခဲ့သော ရုရှား၏ ယူကရိန်းကျူး ကျော်စစ်ကို အဆုံး သတ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကကြိုးစားနေချိန်တွင် ထွက်ပေါ် လာခြင်းဖြစ်သည်။ အနောက်အုပ်စု ထောက်လှမ်းရေး အသိုင်းအဝိုင်းကလည်းရုရှား၏ တိုက်ခိုက်နိုင်ခြေကို ယခင်က တည်းက သတိပေးခဲ့ဖူးသည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုရှားအနေဖြင့် ဥရောပနှင့် စစ်ဆင်နွှဲ ရန်အစီ အစဉ်မရှိသော်လည်း ဥရောပကစစ်ပွဲ တစ်ခုစတင်လိုပါက အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း ယခုလအစောပိုင်းတွင် ပြောကြားခဲ့သည်။ ပူတင်ကဥရောပ နိုင်ငံများသည် ယူကရိန်းတွင်ငြိမ်းချမ်းရေးဖော်ဆောင်ရန် အမေရိကန်၏ ကြိုးပမ်း မှုများကို အနှောင့်အယှက်ပေးနေသည်ဟု စွပ်စွဲသည်။ရုရှားသည် သုံးနှစ်ကျော်ကြာစစ်ပွဲအခြေအနေတွင် ရှိနေခဲ့သော်လည်း ၎င်း၏စက်ရုံများသည် ဒရုန်း များ၊ ဒုံးကျည်များနှင့် အမြောက်ဆန်များကို ပိုမိုထုတ်လုပ်လျက်ရှိသည်။

မကြာသေးမီက ပေါ်ထွက်လာသည့် အစီရင်ခံစာတစ်ခုအရ ရုရှားသည် တင့်ကား ၁၅၀ ခန့်၊ ခြေလျင် တိုက်ခိုက်ရေးယာဉ် ၅၅၀၊ လန်ဆက်ဒရုန်း ၁၂၀ နှင့် အမြောက် ၅၀ ကျော်ကို လစဉ် ထုတ်လုပ် လျက်ရှိ ကြောင်းဖော်ပြထားသည်။

news-view-count-icon

38