back

ကမ္ဘောဒီးယားစစ်သား ၁၀၂ ယောက် သေဆုံးပြီး ရှေးဟောင်းအမွေအနှစ်နယ်မြေများကို တပ်စွဲထားဟု ထိုင်းဆို

Dec 13 • 3:37 AM

breaking-news

ကမ္ဘောဒီးယား

ပြည်တွင်းသတင်း

cover

ကမ္ဘောဒီးယားစစ်သား ၁၀၂ ယောက် သေဆုံးပြီး ရှေးဟောင်းအမွေအနှစ်နယ်မြေများကို တပ်စွဲထားဟု ထိုင်းဆို

ဒီဇင်ဘာ ၁၂ ရက်တွင် ထိုင်း-ကမ္ဘောဒီးယားနယ်စပ် စစ်ပွဲ ၆ ရက်မြောက် ဆက်လက်ဖြစ်ပွားနေခဲ့ပြီး၊ ကမ္ဘောဒီးယားဘက်မှ စစ်သား ၁၀၂ ယောက် ကျဆုံးကာ တင့်ကား ၆ စီးအပါအဝင် စစ်သုံ...

ဒီဇင်ဘာ ၁၂ ရက်တွင် ထိုင်း-ကမ္ဘောဒီးယားနယ်စပ် စစ်ပွဲ ၆ ရက်မြောက် ဆက်လက်ဖြစ်ပွားနေခဲ့ပြီး၊ ကမ္ဘောဒီးယားဘက်မှ စစ်သား ၁၀၂ ယောက် ကျဆုံးကာ တင့်ကား ၆ စီးအပါအဝင် စစ်သုံးပစ္စည်းများစွာ ပျက်စီးခဲ့သည်ဟု ထိုင်းမီဒီယာက ဖော်ပြသည်။ ယခုဖြစ်ပွားနေသည့် ပြဿနာများထဲတွင် နယ်စပ်ပိုင်နက်အငြင်းပွားနေရာရှိ တာ့ခွိုင်နှင့် ပရီယာဝိဟာရရှေးဟောင်းဘုရားကျောင်းများ အပါအဝင် ရှေးဟောင်းအမွေအနှစ်စာရင်းဝင် နေရာများ ထိခိုက်ပျက်စီးမှုများ ရှိနေခြင်းကြောင့် ယူနက်စကို (UNESCO) က မထိခိုက်စေရေး တိုက်တွန်းခဲ့သည်။ သို့သော် ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဝင်ထိုင်းဆူဗရီးက ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများကို ခံတပ်အဖြစ် တပ်စွဲကာ ယဉ်ကျေးမှုအမွေအနှစ်စောင့်ရှောက်ရေး ဥပဒေကို ချိုးဖောက်နေသည်မှာ ကမ္ဘောဒီးယားစစ်တပ်ဘက်သာ ဖြစ်သည်ဟု ပြန်လည်တုံ့ပြန်ပြောဆိုခဲ့သည်။

news-view-count-icon

25