back

နည်းပြ အူနိုင်း အမ်မရီက မိမိအား ပိုကောင်းသည့်ကစားသမား ဖြစ်လာစေခဲ့ကြောင်း အက်စတွန်ဗီလာ ကွင်းလယ်လူ တီလေမန်းစ် ချီးကျူးပြောကြား

Dec 13 • 1:56 AM

breaking-news

မြန်မာ

ပြည်ပ

cover

နည်းပြ အူနိုင်း အမ်မရီက မိမိအား ပိုကောင်းသည့်ကစားသမား ဖြစ်လာစေခဲ့ကြောင်း အက်စတွန်ဗီလာ ကွင်းလယ်လူ တီလေမန်းစ် ချီးကျူးပြောကြား

အက်စတွန်ဗီလာအသင်း၏ ကွင်းလယ်ကစားသမား၊ ဘယ်လ်ဂျီယံလက်ရွေးစင် တီလေမန်းစ်က နည်းပြ အူနိုင်း အမ်မရီ၏ လမ်းညွှန်မှုကြောင့် မိမိသည် ပိုကောင်းသည့် ကစားသမားတစ်ယောက် ဖြစ်လာသ...

အက်စတွန်ဗီလာအသင်း၏ ကွင်းလယ်ကစားသမား၊ ဘယ်လ်ဂျီယံလက်ရွေးစင် တီလေမန်းစ်က နည်းပြ အူနိုင်း အမ်မရီ၏ လမ်းညွှန်မှုကြောင့် မိမိသည် ပိုကောင်းသည့် ကစားသမားတစ်ယောက် ဖြစ်လာသည်ဟု ပြောကြားခဲ့သည်။ အသက် ၂၈ နှစ်အရွယ် တီလေမန်းစ်သည် ၂၀၂၃ ခုနှစ်တွင် လက်စတာအသင်းမှ အက်စတွန်ဗီလာသို့ ရောက်ရှိလာပြီးနောက် အသင်း၏ အဓိကကစားသမားအဖြစ် ရပ်တည်နေကာ လက်ရှိတွင် ပရီးမီးယားလိဂ်၌ ၎င်း၏နေရာတွင် အကောင်းဆုံး ကစားသမားတစ်ဦးအဖြစ် ညွှန်းဆိုခံနေရသည်။ တီလေမန်းစ်က ၎င်းသည် အက်စတွန်ဗီလာသို့ ရောက်ရှိချိန်မှစ၍ ကစားသမားတစ်ဦးအနေဖြင့် များစွာ တိုးတက်လာပြီး စိတ်ပိုင်းရော ရုပ်ပိုင်းပါ အကောင်းဆုံးပုံစံကို ပြန်လည်ရရှိလာကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် အက်စတွန်ဗီလာအသင်းသည် ပြိုင်ပွဲစုံ (၈) ပွဲဆက် အနိုင်ရရှိထားပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကိုပင် မျှော်လင့်နိုင်သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။

news-view-count-icon

26