back

ပြည်တွင်းရှိတစ်ချို့‌ေဒသများမှမတ်ပဲ ၊စပါး နဲ့ ပဲတီစိမ်း စိုက်ခင်းတွေမှာ Thiamethoxam နဲ့ Clothianidin ပိုးသတ်ဆေး အသုံးပြုခွင့် နှစ်နှစ်တားမြစ်

Dec 13 • 1:37 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်းရှိတစ်ချို့‌ေဒသများမှမတ်ပဲ ၊စပါး နဲ့ ပဲတီစိမ်း စိုက်ခင်းတွေမှာ Thiamethoxam နဲ့ Clothianidin ပိုးသတ်ဆေး အသုံးပြုခွင့် နှစ်နှစ်တားမြစ်

မတ်ပဲ ၊ စပါး နဲ့ ပဲတီစိမ်း စိုက်ခင်း တွေမှာ အဆိပ်ရှိ ပစ္စည်းနှစ်မျိုးဖြစ်တဲ့ Thiamethoxam နဲ့ Clothianidin ပိုးသတ်ဆေးကို နေပြည်တော် အပါအဝင် တိုင်းနဲ့ ပြည်နယ...

မတ်ပဲ ၊ စပါး နဲ့ ပဲတီစိမ်း စိုက်ခင်း တွေမှာ အဆိပ်ရှိ ပစ္စည်းနှစ်မျိုးဖြစ်တဲ့ Thiamethoxam နဲ့ Clothianidin ပိုးသတ်ဆေးကို နေပြည်တော် အပါအဝင် တိုင်းနဲ့ ပြည်နယ် ခုနှစ်ခုမှာ အသုံးပြုခွင့် နှစ်နှစ် တားမြစ် လိုက်တယ်လို့ သိရပါတယ် ။ စပါး၊ ပဲတီစိမ်း၊ မတ်ပဲ အများဆုံးစိုက်ပျိုးတဲ့ နေပြည်တော် ၊ ပဲခူးတိုင်း ၊ မကွေးတိုင်း ၊ မန္တလေးတိုင်း ၊ ရန်ကုန် တိုင်း ၊ ရှမ်းပြည်နယ် နဲ့ ဧရာဝတီတိုင်းအတွင်း သုံးစွဲခွင့်မရှိကြောင်း တားမြစ်လိုက်တာ ဖြစ်ပါတယ်။အဆိုပါ အဆိပ်ရှိပစ္စည်းနှစ်မျိုးဖြစ်တဲ့ Thiamethoxam နဲ့ Clothianidin ပိုးသတ်ဆေးက ထိသေ ၊ စားသေ ပင်လုံးပြန့် ပိုးသတ်ဆေး ဖြစ်ပြီး မတ်ပဲ ၊ ပဲတီစိမ်း နဲ့ စပါး တွေမှာ ပိုးသတ်ဆေး ဓာတ်ကြွင်းတွေ ကျန်ရှိနေတာကို စစ်ဆေး တွေ့ရှိနေရတာကြောင့် ဓာတ်ကြွင်း ကင်းစင်စေရေး အတွက် ဆေးအသုံးပြုခွင့်ကို ပိုးသတ်ဆေး မှတ်ပုံတင် အဖွဲ့က တားမြစ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ ပဲတီစိမ်းမှာ အဲဒီအဆိပ်ရှိ ပိုးသတ်ဆေး ဓာတ်ကြွင်းတွေ တွေ့လို့ တရုတ်က ပြန်ပို့ခံရတာ မျိုးရှိထားတယ်။ နောက်ပိုင်း မတ်ပဲ နဲ့ စပါးမှာပါ ဓာတ်ကြွင်းတွေ တွေ့ရတော့ ပိုးသတ်ဆေး မှတ်ပုံတင် အဖွဲ့က သုံးစွဲခွင့် ယာယီ ပိတ်လိုက်တာပေါ့ ။ တကယ်ဆိုရင် တစ်နိုင်ငံလုံး သုံးစွဲခွင့် ပိတ်တာမျိုး လုပ်သင့်တာပါ ။ နေရာကွက်ပြီး သုံးစွဲခွင့် ပိတ်တာကျ သူတို့ဘယ်လို တွေးပြီး လုပ်လဲ မပြောတတ်ဘူး ။ စစ်ကိုင်းတိုင်း ဆိုလည်း ရွှေဘိုဆန် အဓိကစိုက်တဲ့ ဒေသပဲလေ ။ အဲဒီဘက် စပါးတွေမှာက ဓာတ်ကြွင်း မတွေ့ရလို့လည်း ဖြစ်နိုင်ပါတယ်။ " လို့ စပါးကုန်သည် တစ်ယောက်က ပြောပါတယ် ။


news-view-count-icon

49