back

ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Indoor Stadium ၌ မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်

Dec 12 • 2:46 PM

breaking-news

မြန်မာ

နေပြည်တော်

cover

ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Indoor Stadium ၌ မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်

ယနေ့ (ဒီဇင်ဘာ ၁၂) ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ကာ မီးသတ်ဦးစီးဌာနအနေဖြင့် ရည်မှန်းချက်တာဝန် (၄) ရပ်နှင့်အညီ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေ...

ယနေ့ (ဒီဇင်ဘာ ၁၂) ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ကာ မီးသတ်ဦးစီးဌာနအနေဖြင့် ရည်မှန်းချက်တာဝန် (၄) ရပ်နှင့်အညီ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးစသည့် ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ဟု မီးသတ်တပ်ဖွဲ့က ဆိုသည်။ဇာတ်တိုက်လေ့ကျင့်မှုကို နေပြည်တော်မီးသတ်ဦးစီးမှူးရုံးအပါအဝင် ခရိုင်၊ မြို့နယ်၊ နယ်မြေမီးသတ်စခန်းများမှ ပိုလန်နိုင်ငံထုတ် ခေတ်မီ မီးငြှိမ်းသတ်ယာဉ်များဖြစ်သည့် LUF 60 (၂) စီး၊ LUF Micro (၁) စီး၊ LUF Nano (၁) စီး၊ Medium (၂) စီး၊ 48 Meter Platform ယာဉ် (၁) စီး၊ 25 Meter Platform ယာဉ် (၁) စီး၊ Turn Table Ladder (၂) စီး၊ မီးငြှိမ်းသတ်ယာဉ် (၁၃) စီး၊ ရေသယ်ယာဉ် (၉) စီး၊ သူနာတင်ယာဉ် (၃) စီး စုစုပေါင်း (၃၅) စီး၊ သန္ဓေတပ်ဖွဲ့ဝင်အင်အား (၁၂၅) ဦးတို့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


news-view-count-icon

30