ယာကွမ်း ကွမ်းရွက်ချောတစ်ပိဿာကို (၃၀၀၀၀)ကျပ်၊ အလတ်ချော ကွမ်းရွက်တစ်ပိဿာကို (၂၀၀၀၀)ကျပ်၊ အောက်စ ကွမ်းရွက်တစ်ပိဿာကို(၁၀၀၀၀)ကျပ်အထိ ကွမ်းရွက်ဈေးတွေ မြင့်တက်လာတယ်လို့ မကွေးမြို့ ရန်ပါယ်ဈေးက ကွမ်းရွက်၊ ကွမ်းသီးရောင်းချသူ ဦးဇော်ဝင်း ကပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ကွမ်းရွက်ဈေးမြင့်တက်လာတာ ဖြစ်တယ်လို့ဆိုပါတယ်။နိုဝင်ဘာလ မတိုင်ခင်က ယာကွမ်း ကွမ်းရွက်ချောတစ်ပိဿာကို (၈၅၀၀)ကျပ်၊ အလတ်ချောကွမ်းရွက်တစ်ပိဿာကို (၆၀၀၀)ကျပ်ဈေးသာ ရှိခဲ့တာပါ။ မကွေးမြို့မှာ ကွမ်းရွက်ကို ဒေသတွင်းက မှာယူရောင်းချတာရှိသလို မုံရွာ၊ ရွှေဘိုဘက်ကလည်း မှာယူရောင်းချကြ တယ်လို့ သိရပါတယ်။



