ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာနလက်အောက်ရှိ မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းတွင်းအားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၀ ရက် နံနက် ၈ နာရီက ငြိမ်းချမ်းသာယာအားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ပြိုင်ပွဲဝင်အသင်းများ ကျောင်းကောင်စီအသင်း (၅) သင်းမှ အမျိုးသား/အမျိုးသမီး ဖူဆယ်ဘောလုံးနှင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲဝင်အသင်းများ ပါဝင်ယှဉ်ပြိုင်ကြသည်။



