back

ထိုင်းတွင် မြန်မာလုပ်သားများ လုပ်ငန်းခွင်အတွင်းဆုံးပါးမှုအတွက် လျော်ကြေးတောင်းရန် စာရွက်စာတမ်းအတုများဖြင့် ထောက်ခံစာလျှောက်ထားမှုများရှိနေ

Dec 12 • 1:34 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းတွင် မြန်မာလုပ်သားများ လုပ်ငန်းခွင်အတွင်းဆုံးပါးမှုအတွက် လျော်ကြေးတောင်းရန် စာရွက်စာတမ်းအတုများဖြင့် ထောက်ခံစာလျှောက်ထားမှုများရှိနေ

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားအချို့ လုပ်ငန်းတွင်အတွင်း ကွယ်လွန်ဆုံးပါးမှုများအတွက် လျော်ကြေးငွေ တောင်းခံရန် စာရွက်စာတမ်းများအတုများဖြင့် ထောက်ခံစာလျှောက်ထားမ...

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားအချို့ လုပ်ငန်းတွင်အတွင်း ကွယ်လွန်ဆုံးပါးမှုများအတွက် လျော်ကြေးငွေ တောင်းခံရန် စာရွက်စာတမ်းများအတုများဖြင့် ထောက်ခံစာလျှောက်ထားမှုများရှိနေကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ယမန်နေ့( ဒီဇင်ဘာ ၁၁ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။ မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်း ခွင်မတော်တဆမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ထိုင်း နိုင်ငံအတွင်း ၎င်းတို့၏မိသားစုဝင်များမှ ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် ၎င်းတို့တင်ပြလာသော စာရွက်စာတမ်းများအား စိစစ်ပြီး မြန်မာသံရုံးမှ လျော်ကြေး တောင်းခံ ခြင်းထောက်ခံစာ ထုတ်ပေးလျက်ရှိကြောင်း သံရုံးကဆိုသည်။ယင်းသို့ ထုတ်ပေးလျက်ရှိရာတွင် အချို့သည် စာရွက်စာတမ်းများအတုများဖြင့် လိမ်လည် တင်ပြ၍ လျော်ကြေးငွေ တောင်းခံခြင်းအတွက်ထောက်ခံစာ လာရောက်လျှောက်ထားမှုများ ရှိနေကြောင်း တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 




news-view-count-icon

18