ဒေါင်ဖန်း-နီဆန်း ဖက်စပ်လုပ်ငန်းသည် ဒီဇင်ဘာ ၁၁ ရက်တွင် တရုတ်နိုင်ငံ ကွမ်ကျိုးမြို့ရှိ Guangzhou (Huadu) ကားစက်ရုံတွင် ၅၀,၀၀၀ မြောက် Nissan N7 လျှပ်စစ်ဆီဒင်ကားကို ထုတ်လုပ်ခဲ့သည်။
အစီးရေ ၅ သောင်းပြည့်ရန် ၂၂၇ ရက် (၇ လ ၁၃ ရက်) ကြာခဲ့သည်။ Nissan N7 လျှပ်စစ်ဆီဒင်ကားသည် ဧပြီ ၂၈ ရက်တွင် တရုတ်မှာ အမှာစာ စတင်လက်ခံခဲ့ပြီး ၁၈ ရက်အကြာတွင် အမှာစာ အစီးရေ ၁ သောင်း ရရှိခဲ့သည်။ ဈေးနှုန်းမှာ ယွမ် ၁၁၈,၉၀၀-၁၄၉,၉၀၀ (16,970 – 21,220 USD) ဖြစ်ပါသည်။ Dongfeng-Nissan JV ဖက်စပ်လုပ်ငန်း၏ Guangzhou (Huadu) စက်ရုံသည် တနှစ် အစီးရေ ၆ သိန်း ထုတ်လုပ်နိုင်သည်။



