back

တမူးမှာ ၁၀ ရက်ကျော်ပျောက်ဆုံးနေတဲ့ ကိုချစ်ထွေးမောင်ကို သေဆုံးလျက်တွေ့ရှိ

Dec 12 • 12:56 PM

breaking-news

မြန်မာ

စစ်ကိုင်း

cover

တမူးမှာ ၁၀ ရက်ကျော်ပျောက်ဆုံးနေတဲ့ ကိုချစ်ထွေးမောင်ကို သေဆုံးလျက်တွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့မှာ ၁၀ရက်ကျော်ပျောက်ဆုံးနေတဲ့ တမူးစော်ဘွားရပ်(၁၁)ကွက်‌နေ ကိုချစ်ထွေးမောင် အသက် ၃၅နှစ်ခန့်ကို မြို့ပတ်လမ်း ကြက်ခြံနဲ့ စစ်တပ်တပ်ဘန...

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့မှာ ၁၀ရက်ကျော်ပျောက်ဆုံးနေတဲ့ တမူးစော်ဘွားရပ်(၁၁)ကွက်‌နေ ကိုချစ်ထွေးမောင် အသက် ၃၅နှစ်ခန့်ကို မြို့ပတ်လမ်း ကြက်ခြံနဲ့ စစ်တပ်တပ်ဘန်ကာဂိတ် အနီး‌ရေမြောင်း ထဲတွင် သေဆုံးလျက်တွေ့ရှိခဲ့တယ်လို့ သတင်းအရင်းအမြစ်များဆီက သိရပါတယ်။အဆိုပါကိုချစ်ထွေးမောင်ဟာ နိုဝင်ဘာလ ၃၀ရက်နေ့က ထိုင်းကလစ်ဆိုင်ကယ်နဲ့ နေအိမ်ကနေထွက်သွားပြီး ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။ကိုချစ်ထွေးမောင်ဟာ သစ်လုပ်ငန်းလုပ်ကိုင်နေသူတဦးဖြစ်ပြီး သူထွက်သွားချိန်မှာ ငွေအများအပြားနဲ့ ထိုင်းကလစ်ဆိုင်ကယ် သိန်း ၁၀၀ကျော်တန်နဲ့အတူ ထွက်သွားတာဖြစ်ပြီး အလောင်းပြန်လည်တွေ့ရှိချိန်မှာ ငွေနဲ့ဆိုင်ကယ် မတွေ့ရှိရဘူးလို့ သိရပါတယ်။




news-view-count-icon

25