back

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ပြည်တွင်း ဧည့်မထဆန် တန်ချိန် (၇၅၀၀) တင်ပို့မည်

Dec 12 • 8:10 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ပြည်တွင်း ဧည့်မထဆန် တန်ချိန် (၇၅၀၀) တင်ပို့မည်

ပုသိမ်စက်မှုဇုန်စီမံကိန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ G to G စနစ်ဖြင့် ဧည့်မထ ၅ မှတ်ဆန်တန်ချိန် ၇,၅၀၀ တင်ပို့နိုင်ရန်အတွက် ကြိတ်ခွဲထုတ်လုပ်နေကြောင်း သိရသည်။ကြိတ...

ပုသိမ်စက်မှုဇုန်စီမံကိန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ G to G စနစ်ဖြင့် ဧည့်မထ ၅ မှတ်ဆန်တန်ချိန် ၇,၅၀၀ တင်ပို့နိုင်ရန်အတွက် ကြိတ်ခွဲထုတ်လုပ်နေကြောင်း သိရသည်။ကြိတ်ခွဲထုတ်လုပ်မှုများကို ၄၀၀ ကီလိုဝပ် ဆိုလာစနစ်တပ်ဆင်အသုံးပြုပြီး ဆန်များအရည်အသွေးပြည့်မီအောင် စနစ်တကျကြိတ်ခွဲနေကြောင်း သိရသည်။ပထမအကြိမ်အနေဖြင့် ဆန်တန်ချိန် (၂၅၀၀) ကို တင်ပို့သွားမည်ဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှလည်း တင်ပို့သည့်ဆန်များ အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း တင်ဆောင်နိုင်ရေးနှင့် ပို့ကုန်တင်ပို့ရာတွင် ကုန်သွယ်မှုဆိုင်ရာဌာနများ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပို့နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

39