ဒီဇင်ဘာ ၈ ရက်က ပြင်းအား ၇.၅ အဆင့်နှင့် ဒီဇင်ဘာ ၁၀ ရက်က ပြင်းအား ၅.၇ အဆင့် ငလျင်များ ဆက်တိုက်လှုပ်ခတ်ပြီးနောက်၊ ဂျပန်ရာသီဥတုအေဂျင်စီ (JMA) နှင့် ဂျပန်ဝန်ကြီးချုပ် တာကာအိချိ တို့က ကြိုတင်မှန်းဆထားသော "ဧရာမငလျင်ကြီး (Megaquake)" မကြာမီ လှုပ်ခတ်လာနိုင်သည်ဟု ပထမဆုံးအကြိမ် တပ်လှန့်သတိပေးချက် ထုတ်ပြန်လိုက်သည်။ ပစိဖိတ်ကမ်းရိုးတန်းငလျင်ကြောကြီးပေါ်တွင် တည်ရှိသော ဂျပန်နိုင်ငံအတွက် မျှော်မှန်းတွက်ဆထားသည့် ဤဧရာမငလျင်ကြီးသည် ပေ ၉၈ အမြင့်ရှိ ဆူနာမီလှိုင်းကြီးများ ဖြစ်ပေါ်စေနိုင်ပြီး၊ လူပေါင်း ၁၉၉,၀၀၀ နီးပါး သေဆုံးကာ နေအိမ် ၂၂၀,၀၀၀ ပျက်စီးနိုင်သည်ဟု ခန့်မှန်းထားသည်။ ဂျပန်အစိုးရက ကမ်းရိုးတန်းဒေသနေထိုင်သူများအား ဆူနာမီနှင့် နောက်ဆက်တွဲငလျင်များအတွက် လွတ်မြောက်ရေးအစီအမံများ ကြိုတင်ပြင်ဆင်ရန်နှင့် ဖြစ်နိုင်ပါက ရွှေ့ပြောင်းနေထိုင်ကြရန် တိုက်တွန်းနှိုးဆော်ခဲ့သည်။
Dec 12 • 6:59 AM
ဂျပန်
ပြည်တွင်းသတင်း
မျှဝေမည်
| 18 | 0 | 0 | 0 |


