မကွေးတိုင်းဒေသကြီး မင်းဘူးမြို့သည် ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်း အပူချိန်အမြင့်မားဆုံး ၁၅ မြို့စာရင်းများတွင် ပါဝင်ခဲ့ပြီး နှစ်စဉ်ပျှမ်းမျှမိုးရေချိန်မှာ လက်မ(၄၀)အောက်သာ ရှိခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ပြောသည်။ယမန်နေ့က မင်းဘူးမြို့ သို့ သွားရောက်ပြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးလုပ်ငန်း ဆောင်ရွက်ပေးနေမှုအခြေအနေများကို ဒေသခံများနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်ထိ နိုင်ငံတစ်ဝန်း သစ်ပင်ပေါင်း ၁၂၁ ဒဿမ ၈၇ သန်း စိုက်ပျိုးပေးခဲ့သည့်အပြင် မင်းဘူးခရိုင်တွင် ၂ ဒဿမ ၇၅ သန်းကျော် စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။



