back

ပြည်တွင်းရှိ အွန်လိုင်းလိမ်လည်မှုများတိုက်ဖျက်ရေးအတွက် မိုဘိုင်းအော်ပရေတာများ၊ အင်တာနက်ဝန်ဆောင်မှုပေးသူများ အပြင် INTERPOL ၊ ASEANAPOL တို့နှင့်ပါ ပူးပေါင်းဆောင်ရွက်သွားမယ်

Dec 12 • 6:13 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်းရှိ အွန်လိုင်းလိမ်လည်မှုများတိုက်ဖျက်ရေးအတွက် မိုဘိုင်းအော်ပရေတာများ၊ အင်တာနက်ဝန်ဆောင်မှုပေးသူများ အပြင် INTERPOL ၊ ASEANAPOL တို့နှင့်ပါ ပူးပေါင်းဆောင်ရွက်သွားမယ်

အွန်လိုင်းလိမ်လည်မှုများတိုက်ဖျက်ရေးအတွက် မိုဘိုင်းအော်ပရေတာများ၊ အင်တာနက်ဝန်ဆောင်မှု ပေးသူများအပြင် INTERPOL၊ ASEANAPOL တို့နှင့်ပါ ပူးပေါင်းဆောင်ရွက်သွားမယ်လိ...

အွန်လိုင်းလိမ်လည်မှုများတိုက်ဖျက်ရေးအတွက် မိုဘိုင်းအော်ပရေတာများ၊ အင်တာနက်ဝန်ဆောင်မှု ပေးသူများအပြင် INTERPOL၊ ASEANAPOL တို့နှင့်ပါ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်း လောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီ က ပြောကြားလိုက်ပါတယ်။အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှု ဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၅) ကို ဒီဇင်ဘာ ၁၁ ရက်နေ့က နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်၌ ကျင်းပခဲ့ရာမှာ အခုလို ထည့်သွင်း ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ဒေသတွင်းနှင့် နိုင်ငံတကာမှ တာဝန်ရှိအဖွဲ့အစည်းများဖြစ်သည့် INTERPOL၊ ASEANAPOL စသည်တို့နှင့် ပူးပေါင်း၍ နယ်စပ်ဖြတ်ကျော် လိမ်လည်မှုများကို တိုက်ဖျက်ခြင်း၊ လိမ်လည်မှုမှရရှိသော ငွေကြေးများ နှင့် ပိုင်ဆိုင်မှုများကို ခြေရာခံ၍ သိမ်းဆည်းထိန်းချုပ်နိုင်ရေး ဆောင်ရွက်ခြင်း၊ ပြည်သူလူထုအား အွန်လိုင်းလိမ်လည်မှု ပုံစံအမျိုးမျိုး၊ အန္တရာယ်များနှင့် ကာကွယ်နိုင်မည့် နည်းလမ်းများကို အချိန်နှင့်တစ်ပြေးညီ အသိပညာပေးခြင်း၊ လိမ်လည်ခံရသူများ၏ တိုင်ကြားချက်များကို လက်ခံ၍ သက်ဆိုင်ရာဌာနများမှ တစ်ဆင့် အကူအညီများပေးနိုင်ရန် ညွှန်ကြားဆောင်ရွက်ခြင်း၊ မိုဘိုင်းအော်ပရေတာများ၊ အင်တာနက်ဝန်ဆောင်မှု ပေးသူများနှင့် ပူးပေါင်း၍ လိမ်လည်ရန် အသုံးပြုသော တယ်လီဖုန်းနံပါတ်များ၊ ဝက်ဘ်ဆိုက်များနှင့် အကောင့်များကို ပိတ်ဆို့တားဆီးခြင်းကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ထို့အပြင် ပြည်ထောင်စုနယ်မြေ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေး ကော်မတီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကော်မတီများကို ဆက်လက်ဖွဲ့စည်းသွားမှာဖြစ်ပြီး မြန်မာနိုင်ငံ၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း National Anti-Scam Centre တည်ထောင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။ထို့အတူ ဆိုက်ဘာလုံခြုံရေး ဥပဒေကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး ဇူလိုင်လ ၃၀ ရက်မှ စတင်၍ အာဏာတည်ခဲ့ပြီးဖြစ်သလို ယခုအခါ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေး ကြီးကြပ်မှုဗဟိုကော်မတီကို ဖွဲ့စည်းပြီးဖြစ်သည့်အတွက် မိမိတို့နိုင်ငံအနေဖြင့် ပြည့်စုံသောအဖွဲ့ အစည်းတစ်ရပ်အဖြစ် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန် အဆင်သင့်ရှိပြီဖြစ်တယ်လို့လည်း သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။




news-view-count-icon

57