အိန္ဒိယဝန်ကြီးချုပ်နာရင်ဒြာမိုဒီနဲ့ တွေ့ဆုံပြီးနောက် မိုက်ကရိုဆော့ဖ်က အိန္ဒိယမှာ ဒေါ်လာ ၁၇.၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမည် အစီအစဉ်ကို အင်္ဂါနေ့မှာ စီအီးအို ဆေယာနာဒီလာက ပြောခဲ့ကြောင်း Anadolu Agency သတင်းက ဖော်ပြခဲ့သည်။ နိုင်ငံရဲ့ ရည်မှန်းချက်တွေကို အထောက်အကူဖြစ်ဖို့ မိုက်ကရိုဆော့ဖ်က အာရှမှာ အကြီးမားဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၁၇.၅ ဘီလီယံကို အိန္ဒိယရဲ့ ပထမဆုံး AI အနာဂတ်အတွက် လိုအပ်တဲ့ အခြေခံအဆောက်အအုံ၊ ကျွမ်းကျင်မှုများနှင့် အချုပ်အခြာအာဏာပိုင်စွမ်းရည်များ တည်ဆောက်ရာတွင် ကူညီပေးသွားမည်” ဟု နာဒီလာက အမေရိကန်လူမှုကွန်ရက်ကုမ္ပဏီ X တွင် ရေးသားခဲ့သည်။သူက မိုဒီကို “အိန္ဒိယ၏ AI အခွင့်အလမ်းနှင့်ပတ်သက်ပြီး စိတ်အားတက်ဖွယ်ရာ ဆွေးနွေးမှုအတွက်” ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။မိုဒီက နာဒီလာနှင့် “အလွန်အကျိုးရှိတဲ့ ဆွေးနွေးမှု” ပြုလုပ်ခဲ့ရသည်ဟု ဆိုသည်။“AI နဲ့ ပတ်သက်လာရင် ကမ္ဘာကြီးက အိန္ဒိယအပေါ် အကောင်းမြင်နေကြပါတယ်” ဟု ဝန်ကြီးချုပ်က လူမှုမီဒီယာပလက်ဖောင်းမှာ ရေးသားခဲ့သည်။ အိန္ဒိယက Microsoft ရဲ့ အာရှမှာ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မယ့် နေရာဖြစ်လာတာကို မြင်ရတာ ဝမ်းသာပါတယ်”“အိန္ဒိယက လူငယ်တွေဟာ ဒီအခွင့်အရေးကို အသုံးချပြီး၊ ပိုမိုကောင်းမွန်တဲ့ ကမ္ဘာအတွက် AI ရဲ့စွမ်းအားကို ဆန်းသစ်တီထွင်မှုများနဲ့ အသုံးချသွားကြမှာပါ”ဟု မိုဒီက ထပ်ရေးခဲ့သည်။Google က အောက်တိုဘာလတွင် အိန္ဒိယနိုင်ငံ၌ ပထမဆုံး ဉာဏ်ရည်တု (AI) ဗဟိုချက်တစ်ခု တည်ဆောက်ဖို့ အစီအစဉ်တွေကို ကြေညာခဲ့ပြီး လာမယ့်ငါးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံရန် ကတိပြုထားသည်။



