ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကို ယနေ့ ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက တော်ခရမ်းလေးကျေးရွာ၊ အ-ထ-က (ခွဲ) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ပြန်/ဆက် ဦးစီးအရာရှိက လူငယ်နှင့် စာပေအကြောင်း၊ စားသုံးသူရေးရာ မြို့နယ်တာဝန်ခံက စားသုံးသူအခွင့်အရေးဆိုင်ရာများ၊ တိုင်းရင်းဆေးဦးစီးဌာနမှ တိုင်းရင်းဆေးအကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲများ ကျင်းပကာ ဆုများချီးမြှင့်ခဲ့ပြီး၊ စာအုပ်စာစောင်များနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ နံရံကပ်စာစောင်များကိုလည်း ပြသထားရာ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး၊ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပ
Dec 12 • 2:06 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 28 | 0 | 0 | 0 |


