back

ထန်းတပင်မြို့နယ်တွင် နွေစပါးမျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးနည်းစနစ်များ လက်တွေ့ပြသ

Dec 12 • 2:03 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ထန်းတပင်မြို့နယ်တွင် နွေစပါးမျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးနည်းစနစ်များ လက်တွေ့ပြသ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ တောင်သူများအား စပါးအထွက်နှုန်းတိုးတက်စေရေးနှင့် စိုက်ပျိုးနည်းစနစ်များ မှန်ကန်စေရေးအတွက် နွေစပါးမ...

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ တောင်သူများအား စပါးအထွက်နှုန်းတိုးတက်စေရေးနှင့် စိုက်ပျိုးနည်းစနစ်များ မှန်ကန်စေရေးအတွက် နွေစပါးမျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် နွေစပါး လက်တွေ့စိုက်ပျိုးပြသခြင်းနှင့် တောင်သူပညာပေးဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းက လမုတန်းကြီးကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နှင့် ရွှေဇာခြည်ဘိုကလေးကုမ္ပဏီမှ ဦးသောင်းဝင်းတို့က အမှာစကားများပြောကြားခဲ့ပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစောဝင်းကိုက စိုက်ပျိုးနည်းစနစ်မှန်ကန်ရေးနှင့် စပါးအထွက်နှုန်းတိုးပွားရေးတို့ကို တောင်သူများအား အသိပညာပေးရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက နယူတန်မျိုးစပါးကို Drum Seeder ဖြင့် ဒေသခံတောင်သူများကို လက်တွေ့စိုက်ပျိုးပြသပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

18