မန်ချက်စတာယူနိုက်တက် (မန်ယူ) အသင်း၏ အကယ်ဒမီထွက် အင်္ဂလန်လူငယ် ကွင်းလယ်လူ ကိုဘီ မိုင်နူးသည် နည်းပြ အမိုရင်လက်ထက်၌ ကက်စ်မဲရိုးနှင့် ဖာနန်ဒက်စ်တို့ ကွင်းလယ်အတွဲကြောင့် ပွဲကစားခွင့်ရရန် ရုန်းကန်နေရပြီး၊ လာမည့် ဇန်နဝါရီ အပြောင်းအရွှေ့တွင် ၎င်းကို အငှားဖြင့် ခေါ်ယူရန်အတွက် နာပိုလီ အပါအဝင် ဥရောပကလပ် ၁၂ သင်းခန့်က ချိတ်ဆက်ကြိုးစားနေကြောင်း သိရသည်။စီးရီးအေချန်ပီယံ နာပိုလီအသင်းသည် ဒဏ်ရာရ ကစားသမားများပြားနေ၍ ကွင်းလယ်ကို အားဖြည့်လိုနေခြင်းဖြစ်ပြီး၊ မိုင်နူးကိုယ်တိုင်ကလည်း နာပိုလီသို့ သွားရောက်ရန် ဆန္ဒရှိနေသော်လည်း မန်ယူ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရသည်။ ဤအတောအတွင်း မန်ယူဂန္တဝင် ကစားသမား ပေါလ်စခိုးလ်က မိုင်နူးအပေါ် ဆက်ဆံပုံနှင့်ပတ်သက်၍ နည်းပြ အမိုရင်ကို ဝေဖန်ခဲ့ပြီး၊ ဤအတိုင်းဆိုပါက မန်ယူအနေဖြင့် အကယ်ဒမီထွက် ကစားသမားကောင်းကို ဆုံးရှုံးရလိမ့်မည်ဟု သတိပေးပြောကြားထားသည်။
Dec 12 • 1:53 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 27 | 0 | 0 | 0 |


