back

ရွှေတံဆိပ်ဆုရ မြန်မာခြင်းလုံးအသင်းအား ကမ္ဘောဇဘဏ် နာယက ဦးအောင်ကိုဝင်းက ဘတ် ၆ သိန်း ချီးမြှင့်ပေးအပ်

Dec 12 • 1:49 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ရွှေတံဆိပ်ဆုရ မြန်မာခြင်းလုံးအသင်းအား ကမ္ဘောဇဘဏ် နာယက ဦးအောင်ကိုဝင်းက ဘတ် ၆ သိန်း ချီးမြှင့်ပေးအပ်

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုများ ရယူပေးခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသား/အမျိုးသမီး ခြင်းလုံးအသင်းအား ကမ္ဘောဇဘဏ် နာယက ဦးအ...

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုများ ရယူပေးခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသား/အမျိုးသမီး ခြင်းလုံးအသင်းအား ကမ္ဘောဇဘဏ် နာယက ဦးအောင်ကိုဝင်းမှ ပေးအပ်သော စုစုပေါင်း ထိုင်းဘတ်ငွေ (၆) သိန်းကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးက ဒီဇင်ဘာ ၁၁ ရက် နံနက် ၁၀ နာရီအချိန်၌ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ရိုးရာခြင်းလုံးပြိုင်ပွဲ အသင်းလိုက်အုပ်စုပတ်လည်ပွဲစဉ် Linking (Event 3) ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရရှိခဲ့သော အမျိုးသားခြင်းလုံးအသင်းနှင့် အမျိုးသမီးခြင်းလုံးအသင်းတို့အတွက် တစ်သင်းလျှင် ထိုင်းဘတ် ၃၀၀,၀၀၀ ဆီချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

news-view-count-icon

25