ထိုင်းနိုင်ငံ၌ ကျင်းပလျက်ရှိသော (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဆုံးရွှေတံဆိပ်ဆုများ ဆွတ်ခူးပေးနိုင်ခဲ့သည့် အောင်ပွဲရ မြန်မာအမျိုးသားခြင်းလုံးအသင်းနှင့် မြန်မာအမျိုးသမီးခြင်းလုံးအသင်းတို့သည် ဒီဇင်ဘာ ၁၁ ရက်က ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ရာ တာဝန်ရှိသူများ၊ မိသားစုဝင်များနှင့် အားကစားဝါသနာရှင်များက ဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြသည်။ မြန်မာအမျိုးသမီးခြင်းလုံးအသင်းသည် ရိုးရာခြင်းလုံးအမျိုးသမီးပြိုင်ပွဲ အသင်းလိုက် Linking (Event 3) ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ရရှိခဲ့ခြင်းဖြစ်ပြီး၊ အမျိုးသားခြင်းလုံးအသင်းသည်လည်း ဗိုလ်လုပွဲ၌ ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားပြီး ရမှတ် (၅၇၄) မှတ်ဖြင့် ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရွှေတံဆိပ်ဆုများ ဆွတ်ခူးနိုင်ခဲ့သော အသင်းများအား အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ကမ္ဘောဇဘဏ် နာယကကြီး ဦးအောင်ကိုဝင်း အပါအဝင် အားကစားအဖွဲ့အစည်းများနှင့် တာဝန်ရှိသူများက အမေရိကန်ဒေါ်လာနှင့် ထိုင်းဘတ်ငွေများဖြင့် ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဆီးဂိမ်းစ်တွင် ပထမဆုံးရွှေတံဆိပ်ဆုများ ဆွတ်ခူးခဲ့သည့် မြန်မာခြင်းလုံးအသင်း ရန်ကုန်သို့ပြန်လည်ရောက်ရှိ
Dec 12 • 1:45 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 52 | 0 | 0 | 0 |


