back

ရေရှည်တည်တံ့သော ဥရောပလုံခြုံရေးစနစ်ထူထောင်ရန်တရုတ်က တောင်းဆိုထား

Dec 11 • 1:57 PM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

ရေရှည်တည်တံ့သော ဥရောပလုံခြုံရေးစနစ်ထူထောင်ရန်တရုတ်က တောင်းဆိုထား

ယူကရိန်းအကျပ်အတည်းတွင် မျှတသော၊ ထိရောက်ပြီး ရေရှည်တည်တံ့သော ဥရောပလုံခြုံရေးစနစ်ကို ထူထောင်ရန် တရုတ်သံတမန်တစ်ဦးက အင်္ဂါနေ့က တောင်းဆိုခဲ့သည်။ ကုလသမဂ္ဂဆိုင်ရာ တရုတ...

ယူကရိန်းအကျပ်အတည်းတွင် မျှတသော၊ ထိရောက်ပြီး ရေရှည်တည်တံ့သော ဥရောပလုံခြုံရေးစနစ်ကို ထူထောင်ရန် တရုတ်သံတမန်တစ်ဦးက အင်္ဂါနေ့က တောင်းဆိုခဲ့သည်။ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ၏ ဒုတိယအမြဲတမ်းကိုယ်စားလှယ် ဆန်းလီက ယူကရိန်းအရေး လုံခြုံရေးကောင်စီအစည်းအဝေးတွင် မေတ္တာရပ်ခံခဲ့သည်။ "ယူကရိန်းအရေးဟာ အခုအချိန်မှာ အရေးကြီးတဲ့အဆင့်ကို ရောက်နေပါပြီ။ နိုင်ငံတကာအဆင့် ဆွေးနွေးမှု‌တွေက စေ့စပ်ညှိနှိုင်းရေးမှာ ပိုပြီးစုဆုံကြပြီး ငြိမ်းချမ်းရေးနားကို နီးလာပါတယ်။ တရုတ်နိုင်ငံက အဲဒီလိုတိုးတက်မှုကို ကြိုဆိုပါတယ်၊ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှုအားလုံးကို ထောက်ခံပြီး အကျပ်အတည်းကို နိုင်ငံရေးအရ စော‌စောစီးစီးအဖြေရှာနိုင်ဖို့ နိုင်ငံတကာအသိုက်အဝန်းက အတူတကွ ပူးပေါင်းဆောင်ရွက်မယ်လို့မျှော်လင့်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။



news-view-count-icon

3